မန်မာနိုင်ငံရဲ့ နာမည်ကြီး Make-Up Artist တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ညီညီမောင်စမ်းချောင်း (သုသု)ကိုတော့ ပရိသတ်ကြီးလည်း ရင်းနြှီ့းပီးသားဖြစ်မယ် ထင်ပါတယ်နော်..။ သုသုက အနုပညာရှင် မင်းသမီးတော်တော်များများရဲ့ အလှအပတွေကို ဖန်တီးပေးခဲ့တဲ့သူလို့ ပြောရင်မှားမယ် မထင်ပါဘူး..။ အနုပညာရှင်များနဲ့လည်း ရင်းနှီးပြီး သုသုကိုယ်တိုင်ကလည်း ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေတာပဲဖြစ်ပါတယ်နော်။
သူ့ရဲ့ နေ့စဉ် ပုံရိပ်လေးတွေနဲ့ ပျော်ရွှင်ဖွယ်အရာလေးတွေကို ရေးတင်လေ့ရှိသူပါ..။ ဧပြီလ (၆)ရက်နေ့မှာတော့ မင်းသမီး အေးမြတ်သူရဲ့ ပရဟိတစိတ်ကို ချီးမွမ်းလေးစားမိတဲ့ စိတ်လေးကို “ဒါလား မင်းသမီးဆိုတာMyat Lay ML ပရဟိတစိတ် အမြဲရှိ လုပ်ဖော်ကိုင်ဖတ်တွေအပေါ်သိတက် တဲ့ သူမကို မိတ်ကပ်လိမ်းပေးခွင့်ရ လို့ ကျေနပ်ပီတိ ဖြစ်ရပါတယ်။ QueenThuThu” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။
သုသုကတော့ အမြဲတမ်း အပိုအလိုမရှိ ရိုးရိုးရှင်းရှင်းနဲ့ သဘာဝကျကျ နေထိုင်တတ်တဲ့ မင်းသမီးအေးမြတ်သူရဲ့ ပရဟိတ အလုပ်လုပ်နေတဲ့ ပုံရိပ်လေးတွေကြောင့် သူမကို မိတ်ကပ်လိမ်းပေးရတဲ့ Make-Up Artist တစ်ယောက်အနေနဲ့ ကျေနပ်ပီတိ ဖြစ်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး။ ပရိသတ်ကြီးအတွက်လည်း အေးမြတ်သူရဲ့ အများအကျိုးသယ်ပိုးကာ ပရဟိတလုပ်ဆောင်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော။