ပရဟိတလုပ်တာတောင် စုန်းပြူးတွေပါလာတာကြောင့် လုံခြုံရေးအလှူခံလိုက်တဲ့မောင်မောင်အေး

Posted on

မောင်မောင်အေးကတော့ လတ်တလောသူဦးဆောင်လုပ်ကိုင်ပေးနေတဲ့ We Love Yangon အဖွဲ့ရဲ့အခြေအနေတစ်ခုကို စိတ်မကောင်းစွာမျှဝေခဲ့ပါတယ်။ we Love Yangon အဖွဲ့ကြီးကိုတော့ ဆရာမကြီးဒေါ်သန်းမြင့်အောင်က ဥက္ကဌအဖြစ်တည်ထောင်ခဲ့ပြီး အခုလို Covid-19 ကာလမှာတော့ အခြေခံစားသောက်ကုန်တွေကို ဈေးကြီးပေးမဝယ်ရဖို့နဲ့ လိုအပ်နေသူတွေကို အိမ်တိုင်ရာရောက်မျှဝေပေးနိုင်ဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်။

ရန်ကုန်မြို့နေပြည်သူတွေ ပုံမှန်ဈေးနှုန်းအတိုင်းဝယ်ယူနိုင်ဖို့ ဆန်ကုန်သည်၊ဆီကုန်သည်တွေနဲ့ အခြားသောအခြေခံစားသောက်ကုန်ထုတ်လုပ်ရောင်းချသူများဆီကနေ ဈေးသက်သာစွာဝယ်ယူပြီး လိုအပ်တဲ့ထုတ်ပိုးမှု၊ပို့ဆောင်ရေး စတဲ့ကိစ္စရပ်များအတွက် အလှူရှင်နဲ့ Volunteer တွေဖိတ်ခေါ်ခဲ့ရာမှာ ရောဂါပိုးကိုမကြောက်ဘဲ ကိုယ့်စားရိတ်နဲ့ကိုယ် လုပ်အားလာပေးကြသူတွေရှိသလို စုန်းပြူးတွေလည်း ပါလာတယ်လို့ဆိုပါတယ်။ Volunteer တွေဆီက ဖုန်းနဲ့ပိုက်ဆံအိတ်အလစ်သုတ်ယူနေကြသလို ဂိုထောင်ထဲမှ ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။

ကိုယ်ကျိုးမဖက်လာရောက်လုပ်ကိုင်နေသူတွေဆီက ဒီလိုတွေခိုးယူအမြတ်ထုတ်တာကတော့ အင်မတန်ကိုယုတ်ညံ့တဲ့စိတ်ဓာတ်ရှိသူတွေပဲဖြစ်ပါတယ်။ မောင်မောင်အေးကတော့ ဒီကိစ္စတွေထပ်မဖြစ်အောင် Volunteer လာလုပ်ပေးသူတွေရဲ့လုံခြုံရေးအတွက် CCTV, Locker များနဲ့ လုံခြုံရေး မနက်/ည အထူးလိုအပ်နေတာကြောင့် ညိုးငယ်စွာအလှူခံလိုကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ဖော်ပြခဲ့ပါတယ်။ အမြန်ဆုံးကူညီနိုင်မယ့်သူတွေ ရောက်ရှိလာဖို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *