နုပညာလောကမှာ ရွှေပိုးအိမ်ကတော့ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့
သူမကတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိသူလေးပဲဖြစ်ပါတယ်။သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ နားကပ်၊ ရင်ထိုး၊ လက်ကောက်၊ လက်စွပ်တွေကို မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့လို့အတိုင်းမသိပျော်ရွှင်နေခဲ့ပါတယ်။ သူမရဲ့
ပျော်ရွှင်နေတဲ့ ချစ်စရာပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ သူမကတော့ ” လိုချင်နေတဲ့ နားကပ်ရယ်ရင်ထိုးရယ်လက်ကောက်ရယ်လက်စွပ်ရယ်Keto ချောကလက်နဲ့ မုန့်တွေရယ်နှင်းဆီပန်းရယ်ဘောလုံးတွေရယ်Puma ဖိနပ်ရယ်
ပန်းချီကားတွေရယ်ကျမ ချစ်တဲ့သူတွေရယ်ပရိသတ်တွေရယ်မွေးနေ့ဆုတောင်းတွေရယ်Birthday wish သီချင်းလေးရယ်ပကာသနမရှိတဲ့ လမ်းမကြီးရယ်ကျမဘယ်လောက် ပျော်မလဲ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။