ပရိသတ်တွေ အမှတ်ရသွားစေမယ့် တချိန်ကပုံလေးကိုတင်လိုက်တဲ့ တင်ဇာမော်

Posted on

မြန်မာနိုင်ငံမှာ သီချင်းတွေ ကောင်းကောင်းကြီး ခေတ်စားလာတဲ့ အချိန်ကတည်းက ပရိသတ်တွေကို အမိုက်စားသီချင်းတွေနဲ့ ဆွဲဆောင်နိုင်ခဲ့တဲ့ အဆိုတော် တင်ဇာမော်ကိုတော့ မသိတဲ့သူ မရှိလောက်ပါဘူး။ အဆိုတော် တယောက်အဖြစ် နှစ်ကာလများစွာ ရပ်တည်လာခဲ့တဲ့ အအောင်မြင်ဆုံး အမျိုးသမီးအဆိုတော် တယောက်ဖြစ်တဲ့ တင်ဇာမော်ကတော့ လက်ရှိအချိန်ထိလည်း ပရိသတ်တွေ ရင်ထဲရောက်စေတဲ့ သီချင်းတွေကို ဆိုပြီး အားပေးမှု အခိုင်အမာ ရရှိနေတုန်းပါ။

တင်ဇာမော်ကတော့ အနုပညာလောကထဲ ဝင်ကတည်းကကို အသံပါဝါအားကောင်းကောင်းနဲ့ တကယ့်ကို ထိမိတဲ့ သီချင်းတွေဆိုတာကြောင့် အားပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ တင်ဇာမော်ကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာတော့ သူငယ်ရွယ်စဉ် အခါက နုပျိုနေတဲ့ ပုံလေးတပုံကို တင်ထားတာ ဖြစ်ပါတယ်။ ဒီပုံလေးကို မြင်ရင်တော့ တင်ဇာမော်ကို အားပေးတဲ့သူတွေအတွက် တော်တော့်ကို အမှတ်တရ ဖြစ်စေမှာ အသေချာပါပဲ။

တင်ဇာမော်ကတော့ ဒီပုံလေးကို တင်ပြီးတော့ တစ်ခါက တစ်ဘဝ ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။ တင်ဇာမော်ကတော့ အရင်ကတည်းက တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ချစ်စရာကောင်းတဲ့ သူတယောက်ဖြစ်သလို လက်ရှိမှာလည်း အဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ရင်း အားပေးမှု အပြည့်အဝ ရထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *