နိုင်ငံကျော် မင်းသားချော နေတိုးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ခဲ့ပြီး အနုပညာကဝေတစ်ပါးလို့တောင် တင်စားခံရသူ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လည်း နေတိုးက အကယ်ဒမီဆုကြီး သုံးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိပြီး အောင်မြင်မှု တွေများစွာ ရရှိပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ နေတိုးက ကပ်ရောဂါအခြေအနေ တွေ ကြောင့် ရုပ်ရှင်ရိုက်ကူးရေးတွေကို ရပ်နားထားပြီး ပေါ့ပေါ့ပါးပါး အလုပ်တွေကို သာ လုပ်ကို င်နေတာပဲ ဖြစ်ပါတယ်။နေတိုးက လတ်တလောမှာတော့ နှင်းဆီအဖွဲ့သားတွေ အွန်လိုင်းကနေ ပရိသတ်တွေကို ဖျော်ဖြေ တင်ဆက်ပေးမယ့် နှင်းဆီ Unplugged Show အတွက် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ မှာ လည်း နေတိုးက နှင်းဆီ Unplugged Show မှာ ပရိသတ်တွေကို အားပါးတရနဲ့ သီချင်းဆို ဖျော် ဖြေပေးဖို့ သီချင်းတွေ ကြိုးစားပန်းစားတိုက်ဖြစ်နေတဲ့အကြောင်းကို ဖေ့စ်ဘုတ်စာမျက် နှာ က နေ ပရိသတ်တွေကို အသိပေးထားပါတယ်။နေတိုးတို့ရဲ့ နှင်းဆီ Unplugged Show ကတော့ လာမယ့် စက်တင်ဘာလ (၇) ရက်နေ့ ည(၇) နာရီ မှာ တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးတို့ရဲ့ နှင်းဆီ Unplugged Show လေးကို ဆက်ဆက်စောင့်ကြည့်အားပေးဖို့ မမေ့ကြပါနဲ့နော်။