ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ ပိုးအိအိခန့်ရဲ့သားလေး သွင်ဦးဟန်

Posted on

ကျရာဇာတ်ရုပ်တိုင်းကို သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် အဆိုတော် ပိုးအိအိခန့်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိထားပြီး ခင်ပွန်းဖြစ်သူ လက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ လက်ထပ်ကာ ချစ်စရာကောင်းတဲ့ သားလေး သဲကိုးလေးနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ပဲဖြစ်ပါတယ်။

ပိုးအိအိခန့်ကတော့ သားဖြစ်သူ သဲကိုးလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တစ်နေ့တစ်မျိုးတင်ကာ ချစ်မဝဖြစ်နေတဲ့ မိခင်တစ်ယောက်လို့ ပြောရင်မှား မယ် မထင်ပါဘူးနော်.။ ဒီနေ့ ဧပြီလ (၂၉)ရက်နေ့မှာတော့ ပိုးအိအိခန့်က ချစ်စရာကောင်းလွန်းတဲ့ သဲကိုးလေးရဲ့ ပုံရိပ်လေးတွေကို “ကတုံးကို ဆံထုံးနဲ့ မောင် ဖိုးလုံး” ဆိုပြီး သူမသားလေး သဲကိုးလေးရဲ့ ပေ့ခ်ျမှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

(၉)လအရွယ် သားသားသဲကိုးလေးကတော့ ပါးဖောင်းဖောင်းလေးတွေနဲ့ မေမေသင်ပေးတဲ့ အရာလေးတွေကို သေချာမှတ်ကာ မှန်အောင်လိုက်ရွေးနိုင်တဲ့အထိကို ဥာဏ်ကောင်းပြီး မေမေပိုးအိအိခန့်ကလည်း သားဖြစ်သူလေးကို ချစ်လွန်းကာ သေချာလေးကို သင်ကြားမှုတွေ ပြုလုပ်ပေးနေတဲ့ မေမေပါပဲနော် ပရိသတ်ကြီး။ ပရိသတ်ကြီးအတွက်လည်း ချစ်ဖို့ကောင်းပြီး ဥာဏ်ကောင်းတဲ့ ပိုးအိအိခန့်သားလေးသဲကိုးလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *