”ပါးနှစ်ဖက်မှာ သနပ်ခါးအပြည့် နဲ့ ပြုံးပျော်ကာ ချစ်ဖို့ကောင်းနေတဲ့ စန္ဒီမြင့်လွင်သမီးလေး ခင်လင်းထင်”

Posted on

ပရိသတ်ကြီးရေ… အမိုက်စား ရက်ပ်စကေးတွေနဲ့ ရက်ပါအဆိုတော်မလေး စန္ဒီမြင့်လွင်ကိုတော့ ပရိသတ်တွေလရင်းနှီးချစ်ခင် ပြီးသားဖြစ်မယ်ထင်ပါတယ်နော်..။ ဂီတကို ရူးသွပ်သူမို့ သရုပ်ဆောင်ခြင်း အနုပညာထက် သီချင်းဆိုခြင်း အနုပညာကို နှစ်သက်သူလို့ ပြောရမှာပါ..။ လတ်တလောမှာ စန္ဒီမြင်ွလွင်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီး အနုပညာတွေကိုတော့ တဖြည်းဖြည်းနဲ့ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

သူမနဲ့ တူလွန်းတဲ့ ဝတုတ် ကစ်ပြီး ဖွံ့ဖြိုးလှတဲ့ (၈) လပဲရှိသေးတဲ့ သမီးလေး ခင်လင်းထင်ကတော့ တစ်နေ့တစ်ခြား အချစ်တွေကို တိုးအောင် လုပ်ဆောင်နေသူလေးပါပဲနော်။

စန္ဒီမြင့်လွင်ကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးရဲ့ ပုံလေးတွေကို နေ့တိုင်း သူမရဲ့ လူမှု ကွန်ရက် စာမျက်နှာပေါ်မှာ မတင်ရရင် မနေနိုင်သူလေးလို့ ပြောရမှာပါ..။ ဒီနေ့ မတ်လ (၁၅)ရက်နေ့မှာတော့ ”အပူငြိမ်းပျောက်အေးချမ်းကြပါစေရှင်” ချစ်စရာကောင်းလွန်းတဲ့ သမီးလေး ခင်လင်းထင်ရဲ့ သနပ်ခါးလိမ်းထားတဲ့ပုံလေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။မနက်စောစောအချိန်လေးမှာ သနပ်ခါးလူးကာ ပြုံးပျော်နေတဲ့ သမီးလေး ခင်လင်းထင်လေးကတော့ ချစ်ဖို့ကောင်းလွန်းပါတယ်နော် ပရိသတ်ကြီးရေ

Leave a Reply

Your email address will not be published. Required fields are marked *