ပိုက်လိုင်းပေါ်မှာ လိင်ဆက်ဆံနေတဲ့ စုံတွဲအား ထိုင်းရဲများမှ ဖမ်းဆီး

ဒီအမူးလွန်နေတဲ့ အနောက်တိုင်းသားစုံတွဲဟာ မနက် ၈ နာရီချိန်မှာ ၃ မိနစ်လောက် လိင်ဆက်ဆံမှုပြုနေတာကို ကင်မရာမှတ်တမ်းကတစ်ဆင့်တွေ့ရှိခဲ့ရပါတယ် ။

ထိုင်းရဲတွေဟာ ဒီမှတ်တမ်းကို တွေ့တွေ့ချင်းပဲလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ် ။
Pattya မြို့ရဲ့ ကမ်းခြေပါတီပွဲမှာ သောင်းကျန်းလာခဲ့တဲ့ ဒီစုံတွဲဟာ တနင်္ဂနွေနေ့မနက်ရောက်တဲ့အခါမှာ ပိုက်လိုင်းပေါ်မှာထပ်သောင်းကျန်းပြန်ပါတယ် ။

ဒါကတော့ ကမ်းခြေမှာ သောင်းကျန်းနေတဲ့ အတွဲရဲ့ပုံပါ ။

အမျိုးသားဟာ သူ့ကောင်မလေးရဲ့ဘောင်းဘီတိုကို ဆွဲချွတ်ချပြီး ၃ မိနစ်တာလိင်ဆက်ဆံခဲ့တာဖြစ်တယ် ။
ဒီမြင်ကွင်းကိုမနှစ်မြို့တဲ့သူတွေဟာ စုံတွဲကိုအော်ဟစ်ပြီးမတားမြစ်ခင်မှာပဲ ကင်မရာတွေနဲ့မှတ်တမ်းတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။

ဒီဖြစ်ရပ်ဖြစ်ခဲ့တဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးအမူးမပြေသေးဘူးလို့ထင်ရပါတယ် ။
အော်ဟစ်တားမြစ်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့ကမ်းခြေအတိုင်းလမ်းလျောက်ထွက်သွားကြပါတယ် ။

ရဲတွေကတော့ ခရီးသွားလုပ်ငန်းရဲ့ပုံရိပ်ကို ထိခိုက်စေခဲ့တဲ့အတွက် ဒီစုံတွဲကို ရှာဖွေဖမ်းဆီးခဲ့ကြပါတယ် ။
လောလောဆယ်မှာတော့ လူထုကြားမှာ မသင့်တော်တဲ့အမှုပြုတဲ့အတွက် ဒီစုံတွဲကို ထိန်းသိမ်းထားပါတယ် ။

ဒါကတော့အခင်းဖြစ်တဲ့နေရာမှာ ရဲတွေစစ်ဆေးနေတဲ့ ဓါတ်ပုံပါ ။

ကိုလိုနယ် Apichai Krobpetch ကတော့…

“ဒီနေရာဟာ တိုးရစ်အများစု အပန်းဖြေလာလေ့ရှိတဲ့ နေရာတစ်ခုပါ
ဒီမြင်ကွင်းဟာ Pattaya ကယ်ဆယ်ရေးစခန်းရဲ့ အရှေ့တည့်တည့်မှာလည်းဖြစ်ပါတယ်”
“သူတို့တွေဘယ်နိုင်ငံကလဲဆိုတာ ကျွန်တော်တို့မသိပါဘူး
ဒါပေမယ့်ကမမ်းခြေရဲ့ပုံရိပ်ကိုထိန်းသိမ်းနိုင်ဖို့အတွက် သူတို့ကိုအရေးယူရမှာဖြစ်ပါတယ်”

လောလောဆယ်မှာတော့ အခင်းဖြစ်ပွားခဲ့တဲ့ Dongtan ကမ်းခြေမှ ကယ်ဆယ်ရေးစခန်းက အလုပ်သမားတွေကို ရဲတွေက စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေပါတယ် ။
ဒီကမ်းခြေမှာ သူတို့သွားခဲ့တဲ့နေရာတွေကိုCCTV မှတစ်ဆင့် ခြေရာခံနေပြီး ပိုမိုတိကျတဲ့အချက်အလက်များပေးပို့ရန်လည်း လူထုကိုတောင်းဆိုထားပါတယ် ။

Writer_Min Thu ( Daily Hot News )

Leave a Reply

Your email address will not be published. Required fields are marked *