ပိုင်ဆိုင်နေတဲ့ နျူကလီးယား လက်နက်တွေကြောင့် မြောက်ကိုရီးယားကို ဘယ်ကောင်မှလာမထိရဲဘူးလို့ ဆိုလာတဲ့ ကင်ဂျုံအန်

Posted on

နျူက လီးယား လက်နက် တွေက သူတို့နိုင်ငံ ရဲ့ လုံခြုံရေး ကို အာမခံချက် ပေးနိုင်တဲ့ အတွက် မြောက်ကိုရီးယား အနေ နဲ့ စစ်ပွဲတွေ တိုက်ခိုက် ဖို့ မလို အပ်တော့ဘူး လို့ ခေါင်းဆောင် ကင်ဂျုံအန် က ပြောခဲ့ ပါတယ်။ ကိုရီးယား စစ်ပွဲ ကို အဆုံးသတ်စေ ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး ၆၇ နှစ်မြောက် အထိမ်း အမှတ် အဖြစ် ဇူလိုင်လ ၂၇ ရက်က စစ်မှု ထမ်းဟောင်း အဖွဲ့ကို မိန့်ခွန်းပြောကြားချိန် မှာ ကင်ဂျုံအန်က အခု လို ပြောခဲ့တာပါ။

” အားထား ရလောက် အာင် ထိရောက် တဲ့ နျူကလီးယား ဖျက် လက်နက်တွေ ကြောင့် ဒီကမ္ဘာပေါ် မှာ စစ်ပွဲတွေ ထပ်ရှိတော့မှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ နိုင်ငံ ရဲ့ လုံခြုံရေးနဲ့ အနာဂတ်က ထာဝရ လုံခြုံစိတ်ချရ ပါပြီ ”လို့ ကင်ဂျုံအန်က ပြော ခဲ့ပါတယ်။ နယ်ချဲ့ ကျူးကျော်သူေ တွနဲ့ ရန်လိုတဲ့ တပ်ဖွဲ့တွေက ဖိအားပေးတာ ၊ စစ်ရေးခြိမ်းခြောက် တာတွေ လုပ်လာရင် နျူကလီးယား လက်နက်တွေက မြောက်ကိုရီးယားနိုင်ငံ ကို ကာကွယ်ပေးနိုင် လိမ့်မယ် လို့ သူက ဆို တယ် ။

နျူကလီး ယား လက်နက် တွေက မြောက်ကိုရီး ယားနိုင်ငံ ဆက်လက် ရပ်တည်နိုင်ရေး အတွက် အဓိက ကျတယ် လို့ ထင်ဟပ်ပြနေတဲ့ ကင်ဂျုံအန် ရဲ့ ပြောစကားဟာ မြောက် ကိုရီးယားက နျူကလီးယား လက်နက် စွန့်လွှတ်ရေးသဘော တူစာချုပ်ချုပ်ဆို ဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာ မီးမောင်း ထိုးပြနေ ပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လ က စင်ကာပူ နိုင်ငံမှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရ မ့်နဲ့ မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် တို့ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်အရေး တိုးတက်မှုရ လာမယ်လို့ ထင်မှတ်ခဲ့ကြပေ မဲ့ သိသာထင်ရှား တဲ့ တိုးတက် မှု မရှိခဲ့ ပါဘူး ။

 

Leave a Reply

Your email address will not be published. Required fields are marked *