ပိုင်တံခွန်နဲ့  ဝတ်မှုံရွှေရည်တို့ရဲ့  ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ ” အိပ်မက်မြစ် “

Posted on

ဇန်နဝါရီလ ၁၅ ရက်နေ့ဆိုရင် စရိုက်တော့မှာပါ။ ပိုင်တံခွန်ကတော့ ဝတ်မှုံရွှေရည်နဲ့အတူ ရုပ်ရှင်ရိုက်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ ဝတ်မှုံရွှေရည်ကိုယ်တိုင်ကလည်း တစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာ ဖြစ်လို့ အများကြီး ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပထမဆုံး ဆုံတွေ့ကြမယ့် “အိပ်မက် မြစ်” ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဝတ်မှုံရွှေရည်အတွက်ကတော့ ဒီဇာတ်ကားဟာ သူမအတွက် မရိုက်ဖူးသေးတဲ့ ကာရိုက်တာကို သရုပ်ဆောင်ရမှာဖြစ်သလို ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာဖြေဆိုခဲ့ပါတယ်။“ ဒီဇာတ်ကားကတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ဆိုရင် စရိုက်ပါပြီ။ ကာရိုက်တာကတော့ ကစ်အတွက် Challenge နောက်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာက ကစ်မရိုက်ဖူးသေးတဲ့ ကာရိုက်တာပါ။ ပါဝင်တဲ့သူတွေကလည်း အကုန်လုံး တက်တက်ကြွကြွဖြစ်နေကြပြီ။ ဒီဇာတ်ကားအတွက် အများကြီးလည်း ပြင်ဆင်ထားတယ်၊ မျှော်လင့်ထားပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်က အိပ်မက်မြစ် ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

အဲဒီနောက် ပိုင်တံခွန်ကလည်း “အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားထဲမှာ သူပါဝင်သရုပ်ဆောင်ရမယ့် ကာရိုက်တာ အကြောင်းကို မိတ်ဆက်ပြောပြခဲ့ပါတယ်။ တွဲဖက်သရုပ်ဆောင်ရမယ့် မင်းသမီးကလည်း ဝတ်မှုံရွှေရည်ဖြစ်နေတာကြောင့် ပိုပြီးတော့ စိတ်လှုပ်ရှားရတယ်လို့ ဆိုပါတယ်။ ဒီကာရိုက်တာထဲမှာ ကျွန်တော် သရုပ်ဆောင်ရမှာက အပြင်က အတိုင်းပဲ အရမ်းချစ်တတ်တဲ့ ကောင်လေးလေ။ ဒီဇာတ်ကားရိုက်ဖို့ လာကမ်းလှမ်းတဲ့ အချိန်တုန်းက ကျွန်တော့်ရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်ရှိတယ်။ အတူတွဲရိုက်မယ့် မင်းသမီးကို မေးကြည့်တော့လည်း အကယ်ဒမီ အစ်မ ဝတ်မှုံရွှေရည်ဆိုတော့ ကျွန်တော့်အတွက် စိန်ခေါ်မှု ပိုများသွားတယ်။ ကျွန်တော့်အတွက် စနစ်တကျနဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားလို့လည်း ပြောလို့ရတယ်” လို့ သူကပြောပါတယ်။

အိပ်မက်မြစ် ရုပ်ရှင်ဇာတ်ကားကြီးကို ဖန်တီးမယ့် ဒါရိုက်တာကတော့ ကိုပေါက်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ဝတ်မှုံရွှေရည်ပါဝင်မယ့် ဇာတ်ကားကို ပထမဆုံး ဒါရိုက်တာ လုပ်ခွင့်ရသလို ပိုင်တံခွန်နဲ့လည်း ပထမဆုံး ဆုံရမယ့် ဇာတ်ကားပါလို့ ဆိုပါတယ်။“ အိပ်မက် မြစ် ဇာတ်ကားမှာတော့ ကျွန်တော်က ကစ်ကစ်နဲ့ ဗီဒီယိုဇာတ်ကားတွေ အများကြီးရိုက်ခဲ့ပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဒါက ပထမဆုံး ဆုံတဲ့ ဇာတ်ကားပါ။ ပိုင်တံခွန်နဲ့လည်း ပထမဆုံး အတူတူရိုက်ရမယ့် ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့်အတွက် စိန်ခေါ်မှုလေးတွေ ရှိတဲ့ ဇာတ်ကားလို့လည်း ပြောလို့ရတယ်” လို့ ဆိုပါတယ်။

အိပ်မက်မြစ် ရုပ်ရှင်ဇာတ်ကားကို Brave Empire Entertainment က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ကိုပေါက်က ပုံဖော်ရိုက်ကူးမှာပါ။ ဒီဇာတ်ကားထဲမှာ ပိုင်တံခွန်၊ ဝတ်မှုံရွှေရည်၊ ခင်ဇာခြည်ကျော်၊ သီဟနဲ့ မေမီကိုကို တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇန်နဝါရီလ ၁၅ ရက်နေ့က စပြီး ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။