ပိုင်တံခွန်ရဲ့ ကိုယ်ပွားအလား ထင်မှားရတဲ့ တက်သစ်စ သရုပ်ဆောင်

Posted on

ပေါက်စီမြေနဲ့ ငပိမြေကို လူးလာကူးနေတဲ့ မိန်းကလေးပရိသတ်တွေကြားမှာ မြန်မာ့မြေပေါ်က ကြွေစရာ ပန်းရိုင်းလေးတစ်ပွင့်တော့ ကျန်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာသာမက နိုင်ငံရပ်ခြားထိ လူသိများပြီး အားပေးချစ်ခင်ခြင်း ခံရသူကတော့ ပိုင်တံခွန်ပါပဲ။ အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက်က နိုင်ငံခြားစံချိန်မီသလို စွဲမက်ဖွယ်ကောင်းတဲ့ ရုပ်ရှည်ရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေကြား သဲသဲစွဲ ဖြစ်နေတာပါ။

ပိုင်တံခွန်နဲ့ နီးစပ်ဖို့ဆိုရင် သူမွေးထားတဲ့ ကြောင်လေးပဲ ဖြစ်ရဖြစ်ရဆိုတဲ့ ကောင်မလေးတွေအတွက် ဘယ်မင်းသားကိုမှ မျက်စိထဲ မတိုးတော့ပါဘူး။ ကြော်ကြားမှု စန်းတစ်ခေတ်ထနေချိန်မှာ အရှိန်ရနေတဲ့ ပိုင်တံခွန်အတွက်ကတော့ ဘယ်လိုနေနေ အဆင်ပြေနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ပုံစံ အတုခိုးပြီး ဆံပင်အရှည်ထားတဲ့ ကောင်လေးတွေ ရှိပေမဲ့ ကမ္ဘာမှာ နှစ်ယောက်မရှိဘူး ထင်ရတဲ့ ပိုင်တံခွန်မှာတော့ ကိုယ်ပွားနောက်တစ်ယောက် ပေါ်ထွက်လာပါပြီ။

မန္တလေးမြို့မှာ ရိုက်မယ့် ကြော်ငြာအတွက် ကိုယ်စားသရုပ်ဆောင်ပေးမယ့် တက်သစ်စ သရုပ်ဆောင်ကို ပရိသတ်တွေအားလုံးနဲ့ ပိုင်တံခွန်က မိတ်ဆက်ပေးခဲ့တာပါ။ မထင်မှတ်ထားရလောက်အောင် ပုံစံတူနေတဲ့ သူတို့နှစ်ဦးကိုတော့ ပရိသတ်တွေက ခုလို စာလေးကတဆင့် သိရှိလိုက်ရပါတယ်။“အခု ရိုက်နေတဲ့ ကြော်ငြာမှာ ကျနော် အဆင်မပြေတဲ့ တချို့ဇာတ်ဝင်ခန်းတွေကို နောက်ကွယ်ကနေ ကျွန်တော့်ကိုယ်စား သရုပ်ဆောင်ပေးခဲ့တဲ့ ညီလေး” ဆိုပြီး နှစ်ဦးသား ပုံရိပ်တွေကို ဝေမျှခဲ့တာပါ။

တက်သစ်စ သရုပ်ဆောင်ရဲ့ နာမည်က သူရဟိန်း ဖြစ်သလို အစားထိုး သရုပ်ဆောင်ပေးဖြစ်တဲ့ အကြောင်းရင်းကိုလည်း ပိုင်တံခွန်က ခုလို ပြောပြထားပါတယ်။“ဆိုင်ကယ် အကြမ်းပတမ်း မောင်းရတဲ့ တချို့ခန်းတွေပါ။ ဒီညီလေးက မောင်းနေကြဆိုတော့ ပိုင်နိုင်တယ်။ ကျနော့်က ခြေလည်း ထိခိုက်ထားတော့ ဆိုင်ကယ်လည်း အမြဲ ထိတွေ့နေကြ မဟုတ်တော့ ကားတွေ ဆိုင်ကယ်တွေ သိပ်များနေတဲ့ နေရာတွေမှာ အကြမ်းပတမ်းမောင်းတဲ့ အခန်းတွေတော့ နဲနဲ မကျွမ်းကျင်လို့ပါ” ဆိုပြီး အားလုံးကို အသိပေးထားတာပါ။ အစားထိုးသရုပ်ဆောင်ပေးတဲ့ တက်သစ်စလေးကို လက်တွဲခေါ်ပြီး အားလုံးနဲ့ မိတ်ဆက်ပေးတဲ့ ပိုင်တံခွန်ရဲ့ စိတ်ဓာတ်ကိုတော့ အမာခံ ပရိသတ်တွေက ရှာကြံ ချီးကျူးကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပိုင်တံခွန် နဲ့ ကိုယ်ပွား ပုံရိပ်ကို ခုလို ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *