ပီတိဆိုတာဝယ်ယူလို့မရသလို လုပ်ယူ လို့ လဲမရဘူးဆိုတဲ့ ဖြူဖြူထွေး

Posted on

ပရိဟိတစိတ်အပြည့်ရှိပြီး အလှူအတန်းတွေကိုမကြာခဏပြုလုပ်လေ့ရှိတဲ့ ဖြူဖြူထွေးကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဖြူဖြူထွေးကတော့ဟာသဗီဒီယိုလေး တွေ နဲ့ ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့တာဖြစ်ပြီး ယခုနောက်ပိုင်းမှာတော့သူမရဲ့ ရိုးသားကြိုး စားမှုတွေကြောင့်အချိန်တိအတွင်းမှာပဲအောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးရရှိနိုင်ခဲ့တာဖြစ်ပါတယ်။

သူမကတော့ရရှိလာတဲ့အနုပညာကြေးလေးတွေနဲ့မိဘကိုအလုပ်အကျွေးပြုနေသူတစ်ယောက်ဖြစ်သလို သူမရဲ့ရွာလေးအတွက်လည်းတတ်နိုင်သလောက်ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ် ပေး လေ့ရှိပါတယ်။ ယခုလိုအချိန်မှာလည်းကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အခက်အခဲဖြစ်နေကြတဲ့ ဇာ တ်ပို့ ဇာတ်ရံအနုပညာရှင်တွေကိုလည်း တတ်နိုင်သလောက်ထောက်ပံ့လှူဒါန်းပေး နေတာ ဖြစ် ပါတယ်။

ဒီနေ့မှာလည်းပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့ ဒိန်းဒေါင်း၊သွက်လက်၊ယွန်းရွှေရည်တို့နဲ့အတူ Secret Ladyကြော်ငြာလေးကိုရိုက်ကူးနေတာဖြစ်ပါတယ်။ အဆိုပါကြော်ငြာလေးရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်ခဲ့တဲ့အနုပညာရှင်တွေကိုဆန်၊ဆီနဲ့လိုအပ်တာတွေလှူဒါန်းပေးခဲ့ပြီး “ပီတိဆို တာ ဝယ်ယူလို့မရသလို လုပ်ယူလို့လဲမရဘူး”ဆိုတဲ့စာသားနဲ့အတူအလှူပုံရိပ်လေးတွေကိုဖော်ပြ ထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဖြူဖြူထွေးရဲ့အလှူအတွက်သာဓုခေါ်လို့ရအောင်ပြန် လည် ဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *