ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေကုသဖို့ သဘောတူညီချက်ရပြီ

Posted on

စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးကလည်းသဘောတူခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေကို လက်ခံကုသဖို့ မူအားဖြင့်သဘောတူလိုက်ပြီ ဖြစ်တယ်လို့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကသိရပါတယ်။ ဒါပေမယ့် ကိုဗစ်လူနာတွေကိုပြုစုကုသမှုပေးတဲ့အခါ ရောဂါကူးစက်မှုမရှိစေဖို့အပါအဝင် Standard Guidelineတွေရေးဆွဲဖို့ စတဲ့ အသေးစိတ်ဆွေးနွေးမှုတွေကို တော့ထပ်မံလုပ်ဆောင်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

“မူအားဖြင့်သဘောတူပြီဖြစ်လို့ အသေးစိတ်ထပ်ညှိနိုင်းရမှာဖြစ်ပါတယ်။အသေးစိတ်ညှိနိုင်းရမယ်ဆိုတာ လူနာတွေကို ကုသတဲ့အခါ လူနာကို ဘယ်လိုပုံစံ နဲ့သယ်ဆောင်ရမလဲ၊ ကုသမှုပေးတဲ့အခါ လူနာရဲ့ ကွန်တက်ကိစ္စတွေကိုဘယ်လို ဆောင်ရွက်မလဲ ၊ဘယ်လိုလူနာတွေကိုပုဂ္ဂလိကဆေးရုံမှာ ကုသခွင့်ပြုမလဲ၊ ဆိုပါတော့ Positive ဖြစ်တယ်။ သူကပုဂ္ဂလိကဆေးရုံတက်ချင်တယ် ရောဂါအခြေအနေကလည်း မဆိုးဘူးဆိုရင် လက်ခံကုသပေးဖို့ ဒါမျိုးတွေကိုရှိနိုင်တယ် ဒါနမူနာပြောတာပါ အသေးစိတ်တော့ ညှိနိုင်းရအုံးမှာဖြစ်ပါတယ်။”လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။လက်ရှိရန်ကုန်မြို့မှာကိုဗစ်လူနာတွေကိုဖောင်ကြီး ကိုဗစ်ကုသရေးစင်တာ၊ လိုင်တက္ကသိုလ် ၊ ဒဂုံဆိပ်ကမ်း၊ ဝေဘာဂီ၊ တောင်ဥက္ကလာ ဆေးရုံ၊ သုဝဏ္ဏယာယီဆေးရုံတွေတည်ဆောက်ပြီး ဆေးကုသမှုပေးနေပေမယ့် ကိုဗစ်ပြည်တွင်းကူးစက်မှုဟာတစ်နေ့ထက်တစ်နေ့ မြင့်တက်လာတာကြောင့် ဆေးရုံတက်ရမယ့်လူနာတွေထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပုဂ္ဂလိကဆေးရုံတွေကနေ ကိုဗစ်အတည်ပြုလူနာတွေကို လက်ခံကုသခွင့်ပြုဖို့ ဆေးရုံတွေဘက်က တင်ပြခဲ့ရာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးကလည်းသဘောတူခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။”ပုဂ္ဂလိက ဆေးရုံတက်မယ်ဆိုရင်တော့လူနာဘက်ကကုန်ကျခံရမယ့်ကိစ္စတွေရှိလာမှာဖြစ်ပါတယ်။အလကားတော့ကုသပေးမှာမဟုတ်ပါဘူး သူတို့မှာလည်းဝန်ထမ်းစရိတ် အခြားကုန်ကျစရိတ်တွေရှိတယ် နမူနာပြောရရင် ကွာရန်တင်းလို FQ ဝင်မလား မိမိဘာသာ Hotel Qဝင်မလားပေါ့ HQ ဝင်ရင်တော့ဟိုတယ်ကသတ်မှတ်ထားတဲ့ charges ကိုပေးရမှာဖြစ်ပါတယ်”လို့ ဒေါက်တာခင်ခင်ကြီး ကထပ်မံပြောပါတယ်။လက်ရှိ မြန်မာနိုင်ငံ မှာကိုဗစ်အတည်ပြုလူနာပေါင်း ၄၆၂၁ ဦး အထိရှိလာနေပြီး သေဆုံးတဲ့လူနကတော့ ၈၁ ဦးရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *