ပုရိသတွေကြား ရေပန်းစားနေတဲ့ ဆယ်လီအပျိုကြီးမမများ

Posted on

မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးဆယ်လီတွေဟာ တစ်ယောက်တစ်မျိုးစီလှကြပါတယ်။တစ်ချို့ဆိုရင် အသက်ကြီးမှ အလှက ပို ပြီးပြည့်စုံလာတာကို တွေ့ရပါတယ်။တစ်ယောက်တစ်မျိုးစီလှနေကြတဲ့ အမျိုးသမီးဆယ်လီတွေအများကြီးထဲကမှ ပုရိသတွေ ရဲ့ နှလုံးသားကို အခုထိ ကိုင်လှုပ်ထားတဲ့ ဆယ်လီအပျိုကြီးမမ တွေရှိပါတယ်။အသက်ကြီးမှ အလှတွေ ပိုတိုးလာပြီး နောက် ပေါက်ကလေးမလေးတွေနဲ့ ဒီနေ့အထိ အလှမှာယှဉ်ပြိုင်နိုင်သေးတဲ့ ဆယ်လီအပျိုကြီးမမတွေကတော့…

(၁)မအေးသောင်း

အေးဝတ်ရည်သောင်းကနေ မအေးသောင်းဆိုတဲ့ နာမည်လေးနဲ့ အနုပညာလောကထဲ တကျော့ပြန်လည် နာမည်ကြီးလာ သူပါ။သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်စစ အလှက ပုရိသတွေကို လုံးဝကြွေကျသွားအောင် ဖမ်းစားနိုင်ခဲ့တာပါ။မအေးေ သာင်းကတော့ အမျိုးသားတွေ တင်မဟုတ်ပဲ အမျိုးသမီးတွေ ကြားမှာပါ ရေပန်းစားပါတယ်။မအေးသောင်းအဆင်၊ မအေးေ သာင်းဝတ်တဲ့ အ၀တ်အစားဒီဇိုင်းလေးတွေက မိန်းကလေးတွေအတွက် စံထားစရာ ဖက်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်။” မမ ” ဆိုတဲ့ နာမ်စားကို အမျိုးသားတွေကြား ရေပန်းစားစေခဲ့သူလေးပါ။

(၂)အေးမြတ်သူ

ပါးချိုင့်မင်းသမီးလေး ဆိုပြီး အားလုံးက ချစ်စနိုးနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ မင်းသမီးလေးပါ။မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်သူလေးပါ။တခြားခေတ်ဆန်တဲ့ ခပ်မိုက်မိုက် ဒီဇိုင်းတွေနဲ့ဝတ်ရင်လည်း လုံးဝ လန်းပြီး ဆွဲဆောင် မှုရှိသူလေးပါ။ေ အးမြတ်သူကတော့ အခုနောက်ပိုင်းမှာ မြန်မာဝတ်စုံလေးတွေ အ၀တ်များလာတာကို တွေ့ရပါတယ်။

(၃)သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ကတော့ အမြဲတမ်းခပ်လန်းလန်း စတိုင်လေးနဲ့ပဲ နေတတ်သူပါ။သင်ဇာကလည်း မြန်မာဝတ်စုံနဲ့ရော လန်း တဲ့ ၀တ်စုံနဲ့ပဲ လိုက်ဖက်သူပါ။ပုရိသတွေကြားမှာ နာမည်ကြီးရေပန်းစားတဲ့ အပျိုကြီးမမ တွေထဲက တစ်ယောက်ပါ။

(၄)ခင်လေးနွယ်

နောက်ထပ် ပုရိသတွေကြား ရေပန်းစာနေတဲ့ ဆယ်လီ အပျိုကြီးမမ ကတော့ ခင်လေးနွယ်ပါ။ချစ်စရာကောင်းတဲ့ လီဆူး တိုင်း ရင်းသူလေးပါ။ဟိုးအရင်တည်းက သူမရဲ့ ချစ်စရာ ကောင်းတဲ့ မျက်နှာအမူအယာလေးတွေနဲ့ စကားပြောတဲ့ ဟန်လေး တွေကြာင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရခဲ့သူလေးပါ။အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပေမယ့် ပရိသတ် ချစ်ခင်မှုကို ရရှိထားတဲ့ မင်းသမီးလေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *