ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး ညမထွက်ရအမိန့်ကို ဧပြီ၁၈ ရက်နေ့ ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်မှာ ဧပြီ ၁၈ ရက်နေ့ (ယနေ့) ညတွင် စတင်မည်ဖြစ်ပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညထွက်ခွင့် မရှိကြောင်း ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။