ပျင်းပျင်းနဲ့ ဗီဒိုရှင်းလိုက်တာ ပိုက်ဆံတွေသိန်းလေးဆယ်ကျော်လောက်ထွက်လာတယ်ဆိုတဲ့ သားညီ

Posted on

သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့သားညီကတော့ အခုဆိုရင်ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်လာပြီဖြစ်ပါတယ်။ လတ်တလောအနုပညာလုပ်ရှားမှုအနေနဲ့ ဒါရိုက်တာဏကြီးရိုက်ကူးနေတဲ့ ချစ်ခင်စမှော်ရုံဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့အပြင် သူကိုယ်တိုင်လည်း ရွှေထူး၊ရွှေမှုံရတီတို့နဲ့အတူ ကမ်း ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ်ရိုက်ကူးနေပါသေးတယ်။

ပရိသတ်တွေကို ပျော်စရာတွေအမြဲမျှဝေပေးလေ့ရှိသူဖြစ်ပြီး ဒီနေ့မှာလည်း ပရိသတ်တွေပွဲကျသွားအောင် အရွှန်းဖောက်စနောက်ခဲ့ပါသေးတယ်။ “ပျင်းပျင်းနဲ့ ဗီဒီုရှင်းမယ်ဆိုပြီး ရှင်းလိုက်တာ အံဆွဲထဲကနေ ဘယ်တုန်းကတည်းက သိမ်းထားမိမှန်းမသိတဲ့ ပိုက်ဆံတွေ ထွက်လာတယ်သိန်းလေးဆယ်ကျော်ကျော်လောက်ရှိတယ် ပျော်လိုက်တာ”လို့ ရေးသားခဲ့ပြီးနောက်မှာတော့ “အံစာတုံးတွေရယ် တစ်ခြားလိုတဲ့ကဒ်တွေရယ် မိုနိုပိုလီ Board ရယ်ပါ ထပ်တွေ့ရင်တော့ရှယ်ပဲ !!!တစ်ယောက်တည်းကို ဆော့ပစ်မယ်” ဆိုပြီး အိမ်မှာနေရင်း ပျင်းနေမယ့် ပရိသတ်ကြီးပျော်သွားအောင် စနောက်ခဲ့ပါတယ်။

လတ်တလောအချိန်ကတော့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် လူတော်တော်များများအိမ်မှာပဲ နေနေကြတဲ့အချိန်ဖြစ်ပါတယ်။ အိမ်မှာနေရင်း ပျင်းနေတာတွေလျော့ချနိုင်ဖို့ အချင်းချင်း Challenge ခေါ်တာလေးတွေလုပ်နေကြတဲ့အပြင် ဗိုင်းရပ်စ်ကြောင့် စိုးရိမ်ပူပန်မှုတွေဖြစ်မနေရအောင် ရယ်မောပျော်ရွှင်စရာလေးတွေလည်း မျှဝေနေကြပါတယ်။ ပရိသတ်တွေခဏတဖြုတ်လေးဖြစ်ဖြစ် စိတ်သက်သာရာရအောင် ရယ်စရာဖန်တီးပေးခဲ့တဲ့ သားညီရဲ့ ပို့စ်လေးကိုလည်း  ပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *