မနေ့က ဧပြီလရဲ့လအစလေးမှာတော့ မြန်မာပြည်သူတွေမထင်ထားလောက်တဲ့ကိစ္စတစ်ရပ် လူမှုကွန်ရက်မှာပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဖေ့ဘွတ်ခ်အကောင့်ဖွင့်လိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။ အမေစုကတော့ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေမယ့် လူမှုကွန်ရက်သုံးလေ့ရှိသူတစ်ယောက်တော့ မဟုတ်ပါဘူး။ သူ့ရဲ့ပထမဆုံးအကောင့်ဖြစ်သလို ဒီအကောင့်လေးစဖွင့်လိုက်ချိန်မှာပဲ လူမှုကွန်ရက်အသုံးပြုသူတွေကတော့ အကောင့်အတုဖြစ်မှာပါလို့ထင်ကြေးပေးခဲ့ပေမယ့် မထင်မှတ်ထားလောက်အောင် အမေစုကိုယ်တိုင်အသုံးပြုဖို့ဖွင့်ခဲ့တာဖြစ်ပါတယ်။ အမေစုကတော့
” Facebook ကိုသုံးဖို့ဆန္ဒလုံးဝမရှိခဲ့ပါ။ ဒီအချိန်မှာတော့ COVID-19 စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးပြည်သူတွေနဲ့မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်ဆက်သွယ်နိုင်ဖို့သုံးလိုက်ပါတယ်” ဆိုပြီး ဖေ့ဘွတ်ခ်အသုံးပြုဖြစ်တဲ့အကြောင်းကို မျှဝေလိုက်ပါတယ်။ ဒီသတင်းကတော့ လူမှုကွန်ရက်မှာ တစ်မုဟုတ်ချင်းပျံ့နှံ့ခဲ့ပြီး နာရီပိုင်းအတွင်းမှာ မျှဝေသူတွေနဲ့ Followers အကောင့်တွေများစွာရှိခဲ့ပြီး အမေစုအကောင့်ကလည်း ချက်ချင်းနီးပါး Blue Mark ရရှိခဲ့ပါသေးတယ်။ အမေစုကိုအားပေးချစ်ခင်သူမောင်မောင်အေးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရွှန်းဖောက်ရေးသားကာ မျှဝေခဲ့ပါတယ်။ ” လောလောဆယ် ဝေါလ်ပေါ်မှာ ဘာမှကြည့်စရာမရှိလို့ ပျင်းနေရင် အကောင့်ဖွင့်အပြီး တစ်နာရီအတွင်း ဘလူးမတ် ရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပရိုဖိုင်းကို Scroll Down လုပ်ရင်း
တချက်ဆွဲရင် follower ဘယ်လောက်တက်သလဲ အပျင်းပြေထိုင်ကြည့်နိုင်ပါတယ် အိုင်လေးတော့ တခါ refresh လုပ်တိုင်း (၅၀၀) နဲ့ (၁၀၀၀) ကြား ဒီရေအလားတိုးနေတဲ့ Follower တွေကြည့်ရင်း ပီတိတွေကိုဖြာလို့(၅) နာရီ မှာတင် (၇) သိန်းခွဲ ဆိုတော့ ချစ်တဲ့သူတွေနည်းလွန်းလှတယ်….မို့ စိတ်မကောင်းပု” ဆိုပြီးရေးသားမျှဝေခဲ့ပါတယ်။ အမေစုအကောင့်ကတော့ မနေ့ကဖွင့်ဖွင့်ချင်း(၅)နာရီမှာတင် Follower (၇)သိန်းခွဲရခဲ့ပြီး ဒီနေ့မနက်မှာတော့ ဆယ်သိန်းနီးပါးအထိ များလာပါပြီ။ အချိန်နဲ့အမျှ Followers တွေတိုးနေတဲ့အမေစုအကောင့်ကို
ထိုင်ကြည့်ရင်း မောင်မောင်အေးကတော့ ပီတိဖြာနေတာမို့ ပရိသတ်ကြီးလည်း ပျင်းနေရင် Follower တရိတ်ရိတ်တက်နေတဲ့ အမေစုရဲ့အကောင့်ကို ထိုင်ကြည့်ဖို့ မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ ” လောလောဆယ် ဝေါလ်ပေါ်မှာ ဘာမှကြည့်စရာမရှိလို့ ပျင်းနေရင် အကောင့်ဖွင့်အပြီး တစ်နာရီအတွင်း ဘလူးမတ် ရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပရိုဖိုင်းကို Scroll Down လုပ်ရင်း တချက်ဆွဲရင် follower
ဘယ်လောက်တက်သလဲ အပျင်းပြေထိုင်ကြည့်နိုင်ပါတယ်… အိုင်လေးတော့ တခါ refresh လုပ်တိုင်း (၅၀၀) နဲ့ (၁၀၀၀) ကြား ဒီရေအလားတိုးနေတဲ့ Follower တွေကြည့်ရင်း ပီတိတွေကိုဖြာလို့…..(၅) နာရီ မှာတင် (၇) သိန်းခွဲ ဆိုတော့ ချစ်တဲ့သူတွေနည်းလွန်းလှတယ်….မို့ စိတ်မကောင်းပု” ဆိုပြီးရေးသားမျှဝေခဲ့ပါတယ်။ အမေစုအကောင့်ကတော့ မနေ့ကဖွင့်ဖွင့်ချင်း(၅)နာရီမှာတင် Follower (၇)သိန်းခွဲရခဲ့ပြီး ဒီနေ့မနက်မှာတော့ ဆယ်သိန်းနီးပါးအထိ များလာပါပြီ။ အချိန်နဲ့အမျှ Followers တွေတိုးနေတဲ့အမေစုအကောင့်ကို ထိုင်ကြည့်ရင်း မောင်မောင်အေးကတော့ ပီတိဖြာနေတာမို့ ပရိသတ်ကြီးလည်း ပျင်းနေရင် Follower တရိတ်ရိတ်တက်နေတဲ့ အမေစုရဲ့အကောင့်ကို ထိုင်ကြည့်ဖို့ မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။