ခရစ္စတီယာနို ရော်နယ်ဒိုရဲံ့ သားဖြစ်သူ ရော်နယ်ဒို Jrဟာ ဖခင်ဖြစ်သူရဲ့ အရှိန်အဝါနဲ့အတူ ကမ္ဘာမှာ လူငယ် ဆယ်လီတစ်ယောက် ဖြစ်လာတယ်ဆိုတာ အံ့အားသင့်စရာတော့ မရှိပါဘူး။
ရော်နယ်ဒို Jrဟာ ၉နှစ်အရွယ်သာ ရှိနေသေးပေမဲ့ ဘောလုံးကစားရာမှာ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားပြီ ဖြစ်ပြီး ဂျူဗီ လူငယ်အသင်းအတွက် ၂၈ပွဲကစားရာမှာ ၅၈ဂိုး သွင်းယူကာ ၁၈ဂိုး ဖန်တီးပေးထားခဲ့ပြီ ဖြစ်ပါတယ်။လူငယ်လေးဟာ ယမန်နေ့က အင်စတာဂရန်မှာ စတင် အကောင့်ဖွင်ခဲ့ပြီးနောက် ယခုအချိန်မှာတော့ Follower ၁သန်းနီးပါးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရော်နယ်ဒို Jrဟာ သူ့ရဲ့ အကောင့်မှာ ပို့ ၃ခုတင်ထားခဲ့ပြီး ပထမဆုံးကတော့ ဘာသာစကား ၄မျိုးနဲ့ သူ့ကိုယ်သု မိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။လူငယ်လေးက “မင်္ဂလာပါ။ ဒါက ကျွန်တော်ရဲ့ အင်စတာဂရန် အကောင့်သစ်ဖြစ်ပြီး Enjoy ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဂရုစိုက်ကြပါ”လို့ ပြောခဲ့ပါတယ်။
ဒုတိယပို့စ်ကတော့ သူ့ရဲ့ ညီကိုဖြစ်သူ၊ ဖခင်ဖြစ်သူနဲ့အတူ ရေးချိုးနေတဲ့ ပုံပဲ ဖြစ်ပါတယ်။တတိယပို့စ်က ရော်နယ်ဒိုရဲ့ ချစ်သူဖြစ်သူ ဂျော်ဂျီနာနဲ့ မီလန် ဖက်ရှင် ရက်သတ္တပတ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။