ဖိုက်တာတစ်ယောက်ဖြစ်ရတဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်တဲ့ အောင်လအန်ဆန်

Posted on

အောင်လအန်ဆန်းဟာ ချစ်ဖို့ကောင်းတဲ့ ဇနီးဖြစ်သူနဲ့ သားလေးနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ထားသူ ဖြစ်ပြီး မိသားစုကို ကြင်နာတတ်တဲ့ အဖေကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်းက သူ့ရဲ့ အားလပ်ချိန်တွေကို မိသားစုနဲ့ပဲ ကုန်ဆုံးတတ်ပြီး အားတဲ့ ရက်တွေမှာ သားလေးကို ကျောင်းလိုက်ပို့ပြီး ဂရုတစိုက်ရှိသူလည်း ဖြစ်ပါတယ်။ အောင်လက သားလေးအောင်ဒီးကို သူ့လိုပဲ ကမ္ဘာကျော် လက်ဝှေ့ပွဲတွေနဲ့ One Championship မှာ ယှဉ်ပြိုင် ထိုးသတ်စေချင်တဲ့ အကြောင်းလည်း လူမှုကွန်ယက်မှာ ရင်ဖွင့်ခဲ့ဖူးပါသေးတယ်။

အောင်လအန်ဆန်းဟာ လက်ဝှေ့ ထိုးသတ်ပွဲတွေ တိုင်းမှာ အမြဲတမ်းနီးပါး နိုင်ပွဲတွေ ဆက်တိုက် ရယူပေးနေခဲ့ပြီး သူ အနိုင်ရရှိတိုင်းမှာလည်း မြန်မာ့ စပါးအုံးမြွေကြီး အဖြစ် တင်စားပြောဆိုခံရသူလည်း ဖြစ်ပါတယ်။ အားလုံးက ဖိန့်ဖိန့်တုန်အောင် နိုင်ပွဲတွေဆက်တိုက်ဆိုသလို ရယူနေတဲ့ လက်ဝှေ့ကျော်အောင်လအန်ဆန်းရဲ့ သံမဏိနှလုံးသားကို ချစ်ခြင်းမေတ္တာတွေနဲ့ စိမ့်ဝင်ပြီးနွေးထွေးစေနိုင်တာကတော့ သူချစ်ရတဲ့မိသားစုလေးနဲ့ သူ့ရဲ့ အမြဲလိုလိုအေးချမ်းရိုးရှင်းနေတဲ့ ဘဝပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကျော်ဖိုက်တာတစ်ယောက်ဖြစ်ရတာဟာ ဖိအားပေါင်းများစွာနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ရတဲ့အချိန်တွေရှိမှာဖြစ်သလို စိတ်ပူပန်မှုတွေ အားမလိုအားမရဖြစ်ရတဲ့အခါတွေလည်းရှိမှာပါပဲ။ လူတွေအမြင်မှာ အောင်မြင်ကျော်ကြားတောက်ပနေပေမယ့် လူတွေမသိနိုင်တဲ့အခြားတစ်ဖက်မှာတော့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခတွေ ဖိအားတွေရှိနေနိုင်တယ်ဆိုရင်လည်းမမှားပါဘူး။

အောင်လက နောက်ဆုံးတော့ သူ့ရဲ့ လူမှုကွန်ယက်မှာ သူ့ရဲ့ လူနေမှုဘဝအကြောင်းနဲ့ အလုပ်အပေါ်ထားတဲ့ ခံစားချက်တွေကိုရင်ဖွင့်လာခဲ့ပါပြီ။ အောင်လက ဖိုက်တာတစ်ယောက်ဖြစ်ရတာ မလွယ်ကူဘူးဆိုပေမယ့်အဲဒါက သူချစ်တဲ့အရာလို့ဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ရိုးရှင်းပြီးအေးချမ်းတဲ့ ဘဝနဲ့ ပတ်သက်ပြီးတော့လည်း ဘဝကို ရိုးရှင်းစွာနေထိုင်လို့ အခုလိုမျိုးရိုးရှင်းတဲ့ဘဝကို ပိုင်ဆိုင်ထားတာဖြစ်ကြောင်း ပြောထားခဲ့ပါသေးတယ်။ အောင်လက ခြေကန်ချက်လေ့ကျင့်နေတဲ့ ဓာတ်ပုံလေးနဲ့အတူ သူ့ရဲ့ လူမှုကွန်ယက်မှာ “ဖိုက်တာတစ်ယောက်ရဲ့ဘဝကမလွယ်ကူပါဘူး၊ဒါပေမယ့်ကျွန်တော်ရွေးချယ်ထားတဲ့အရာဖြစ်ပြီးကျွန်တော်အရမ်းနှစ်သက်ပါတယ်။ကျွန်တော်ရဲ့ဘဝကရိုးရှင်းပါတယ်၊ဘာကြောင့်လဲဆိုရင်၊ ကျွန်တော်ကဒီအတိုင်းသာမန်ရိုးရိုးရှင်းရှင်းပဲနေထိုင်လို့ပါ။ နည်းပြကြီး@henrihooft နဲ့ခြေထောက်ကန်ချက်လေ့ကျင့်မှု”လို့ ရေးထားတာတွေ့ရပါတယ်။ပရိသတ်ကြီးရော အောင်လကို ချစ်ကြလား။ အောင်လရဲ့ မကြာခင်မှာလာမယ့် ခါးပတ်ကာကွယ်ထိုးသတ်မှုပွဲကြီးကိုရော အားပေးကြမှာလား။ အောင်လ ဒီတစ်ခါထိုးသတ်ရမှာ ဘယ်သူနဲ့ဖြစ်မယ်ထင်ကြလဲ။ ပြောခဲ့ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *