ဒီနေ့ခေတ်ကြီးဟာ နည်းပညာတွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ လူတွေသုံးနေတဲ့ ဖုန်းတွေထဲက app တွေ၊ software တွေကလည်း တော်တော်လေးကို အဆင့်မြင့်လာနေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေသုံးနေတဲ့ ဆိုရှယ်မီဒီယာမှာဆိုရင်လည်း ဒီဘက်ခေတ်ကြီးထဲမှာ ဓာတ်ပုံတစ်ပုံတင်ရင် အနည်းဆုံး effect လေးတွေ ထည့်လိုက်ရမှ ပြည့်စုံသွားသလို ခံစားရတာပါ။ ဒီအတိုင်း ရိုက်ထားတဲ့ပုံကို တင်လိုက်ရင်လည်း စိတ်ထဲမှာ တစ်ခုခုလိုနေသလို ကျိန်းသေခံစားရပါတယ်။
အပေါ်မှာတွေ့ရတဲ့ ကောင်မလေးကတော့ အိန္ဒိယနိုင်ငံ၊ Panjab ပြည်နယ်မှာ နေထိုင်တဲ့ Hoe Gaya လို့ အမည်ရတဲ့ twitter အကောင့်ပိုင်ရှင်ပဲ ဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့တုန်းက သူမရဲ့ twitter အကောင့်မှာ သူမရဲ့ selfie ပုံစ်ပုံကို တင်ခဲ့ပြီး နောက်ခံ background ကို ဘယ်လိုပုံစံမျိုးထားသင့်ကြောင်း သူမရဲ့ followers တွေကို မေးခဲ့ပြီး သူတို့ ပြင်ပေးနိုင်ရင် သူမရဲ့ ဓာတ်ပုံနောက်က background ကို ဖိုတိုရှော့နဲ့ ပြောင်းပေးဖို့ အကူအညီတောင်းပေးခဲ့ပါတယ်။ သူမရဲ့ followers တွေထဲက လူအချို့က နောက်ခံ background ကို တစ်ကယ်အကူအညီတောင်းတဲ့အတိုင်း အမိုက်စား ပြောင်းလဲ ပေးခဲ့ကြပါတယ်။
ဒါပေမယ့် followers တစ်ချို့ကလည်း background ကို ဟာသဆန်ဆန် ဖိုတိုရှော့လုပ်ပြီး သူမကို ဝိုင်းပြီး နောက်ခဲ့ပါသေးတယ်။ အဲဒီထဲက background တစ်ချို့ကလည်း တစ်ကယ့်ကို ရယ်ရတဲ့ ပုံတွေပါပဲ။ ဘာပဲဖြစ်ဖြစ် အဆိုပါဓာတ်ပုံပိုင်ရှင် ကောင်မလေးကတော့ စိတ်မဆိုးပဲ တော်တော်ရယ်ရပြီး အကြံအဥာဏ်ကောင်းကြောင်း ပြန်တောင် ချီးကျူးခဲ့ပါသေးတယ်။
“ကျွန်မလဲ အဲဒီပုံရိုက်ပြီးတဲ့အချိန်မှာ ဘယ်လိုနောက်ခံ background မျိုး ထားရမလဲဆိုတာ မသိတာနဲ့ twitter ပေါ်တင်ပြီး လူတွေဆီက အကြံအဥာဏ်တောင်းကြည့်တာပါ။ အမိုက်စား ဖိုတိုရှော့လက်ရာတွေလဲ တွေ့ရသလို တော်တော်လေးကို အကြံအဥာဏ်ကောင်းတဲ့ လူတွေရဲ့ ဟာသဆန်ဆန် ဖိုတိုရှော့တွေလည်း တွေ့ရပါတယ်” လို့ twitter အကောင့်ပိုင်ရှင် Hoe Gaya က ပြောကြားခဲ့ပါတယ်။