ဖေဖေနဲ့အတူခွီနေရတဲ့ ရိုက်ကွင်းလေးတွေ ကိုမျှ ဝေလာတဲ့ သဇင်ထူးမြင့်

Posted on

သရုပ်ဆောင်မင်းသမီးချောလေးအဖြစ် စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ ဝါရင့် သရုပ်ဆောင် ခင်လှိုင်ရဲ့သမီးချောလေးပဲ ဖြစ်ပါတယ်။ သဇင်ထူးမြင့်က အကယ်ဒမီဆုပေး ပွဲမှာ ရွှေကြိုအဖြစ် စတင်ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ လူသိများအောင်မြင် လာ ခဲ့ တာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့အနုပညာအမွေတွေကို ဆက်ခံခဲ့တဲ့ သဇင်ထူးမြင့်ကို ပရိ သတ် တွေ ကလည်း ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။

အခုဆိုရင် သဇင်ထူးမြင့်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ မနားတမ်းရိုက်ကူးနေရတဲ့အပြင် ဇာတ်လမ်းတွဲလေးတွေမှာတောင် ပါဝင်နေရပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သဇင်ထူး မြင့် က “ရည်းစားလိုချင်တယ်” ဆိုတဲ့ သီချင်းဗီဒီယိုလေးကို လက်ခံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီ သီချင်းဗီဒီယိုလေးကိုတော့ ခင်လှိုင်ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးပြီး နေမိုးဝင်း၊ ထွန်းဝီရ နဲ့ သဇင်ထူးမြင့်တို့က ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

အခုလည်း သဇင်ထူးမြင့်က ရိုက်ကွင်းနောက်ကွယ်က အလွဲလေးတွေနဲ့အတူ ပျော်စရာအမှတ် တရလေးတွေကို ဗီဒီယိုဖိုင်လေးနဲ့မျှဝေပေးထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာ ဖေဖေခင်လှိုင် ကလည်း သမီးချောလေး သဇင်ထူးမြင့်နဲ့အတူ ရိုက်ကူးရေးပြုလုပ်ရင်း စနောက်ရယ်မောကာ ပျော်ရွှင်နေခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ခင်လှိုင်တို့သားအဖပါဝင်သရုပ်ဆောင်ထားတဲ့ “ရည်းစားလို ချင်တယ်” Music Video လေးရဲ့Behind the scene ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှ ဝေ ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *