2020 ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဝိဇ္ဇာဘာသာတွဲ) ဘာသာစုံ ဂုဏ်ထူးနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးရရှိခဲ့တဲ့ ကျောင်းသားလေး မောင်ဝေယံလင်းကျော်
မိခင်မုဆိုးမကြီး နဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ကြိုးစားရုန်းကန်ရင်း လျှပ်စစ်မီးမရရှိသေးတဲ့ ကြံခင်းမြို့နယ်၊ရေနံတောင်ကျေးရွာအုပ်စု၊ ကံဒူးခုံဆိုတဲ့ ရွာကလေးမှာ ဖယောင်းတိုင်မီးနဲ့ စာကျက်ခဲ့ရသူ..။
အခုတော့ ရွာရဲ့ ဂုဏ်ဆောင်၊ ကျောင်းရဲ့ ဂုဏ်ဆောင်၊ မြို့ရဲ့ဂုဏ်ဆောင်၊ တိုင်းရဲ့ ဂုဏ်ကို ဆောင်နိုင်ခဲ့ပြီ။
အလားတူ ဝိဇ္ဇာဘာသာတွဲနဲ့ တစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံးရရှိခဲ့တဲ့ ၅ ဘာသာဂုဏ်ထူးရှင် ကျောင်းသူလေး မစုပိုပိုအောင် ဟာဆိုရင်လည်းပဲ အဲဒီရေနံတောင် ရွာအုပ်စု၊ သုမဂ်လရွာကလေးကပဲ ဖြစ်ပါတယ်။
သူတို့နှစ်ဦး စလုံး တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ကျောင်းက အ.ထ.က ရေနံတောင်၊ ကြံခင်းမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးက ဖြစ်ပါတယ်။
ဂုဏ်ယူပါတယ်။ နောင်တချိန် မှာ တိုင်းပြည်အတွက် အားထားရတဲ့ သူတွေဖြစ်ကြပါစေ.
Credit Myo Kyaw Zin