ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကုန်ပစ္စည်းတွေတင်ပေးတာနဲ့ပတ်သက်ပြီး ပြတ်သားစွာပြောလာတဲ့ပိုပို

Posted on

အဆိုတော် ပိုပိုကတော့ အလွမ်းအဆွေးသီချင်းလေးတွေကို ပရိသတ်ရင်ထဲရောက်အောင်အရောက်ပို့ပေးနိုင်သူတစ်ယောက်ဖြစ်ပြီးတော့ တေးစီးရီးအယ်ဘမ်တော်တော်များစွား ထွက်ရှိထားကာ အောင်မြင်မှုအခိုင်အမာရရှိထားပါတယ်။လက်ရှိမှာတော့ သူဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကုန်ပစ္စည်းတွေတင်ပေးတာနဲ့ပတ်သက်ပြီး “ကိုယ်တွေးနေတဲ့ပြသနာ ကို ဘယ်လိုရှင်းရမလဲတွေးနေတာ ” အနုပညာရှင်တွေက Fb ပေါ်မှာတင်ပေးရင် အနုပညာကြေး အနေနဲ့ ယူတယ် ပေါ့နော်

လက်ဆောင်လာလာပေးတဲ့ ကုန်ပစ္စည်းတွေကလဲ။ ဒီတိုင်းလာပေးသွားကြတာပေါ့နော် ။ ပိုတို့လဲ ဒီတိုင်း တင်ပေးလိုက်တော့ ဘာဖြစ်လဲ ဆိုပြီး တွေးမိသူတွေလဲ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျမ တို့အနုပညာရှင်တွေကို အနုပညာကြေးငွေ ပေးပြီး တင်ခိုင်းတဲ့ ကုန်ပစ္စည်း တွေ Post တွေရှိပါတယ်။ အဲ့လို ကုန်ပစ္စည်း Company တွေကို အားနာသောအားဖြင့် မေတ္တာဖြင့်ရရှိသော ဘယ်ကုန်ပစ္စည်းကိုမှ post မတင်ပေးတော့ပါဘူးရှင့် ။နားလည်ပေးပါရှင် တကယ်လို့ တင်ပေးစေချင်ရင်လဲ အနုပညာကြေး စုံစမ်း ညှိနှိုင်းနိုင်ပါတယ်ရှင့်။ အနုပညာကြေး တစ်ခု သတ်မှတ်ထားပါတယ်ရှင့်။ ပိုပို လဲ အားလဲနာပါတယ် ကျေးဇူးလဲ တင်ပါတယ်။

မာနကြီးတာလဲ မဟုတ်ပါ ဖုန်းနဲ့ပြောဖို့ကလဲ ဘယ်သူ့ကို ဆက်လို့ ဆက်ရမှန်းလဲ မသိလို့ ပါ။ ဝမ်းနည်းစွာနဲ့ ပဲ စိတ်မဆိုးဖို့ အနူးအညွန့် တောင်းပန်ပါတယ်ရှင့်။ ( ကျမ မိတ်ဆွေ တစ်ချို့ ရဲ့ မုန့် လက်ဆောင်တွေကိုတော့ ကျေးဇူး အပြန်အလှန်ရှိလို့ တင်ပေးတာပါရှင့်)” ဆိုပြီး ပြတ်သားစွာ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပရိသတ်ကြီးရေ ပိုပိုကတော့ အနုပညာကြေးငွေမပေးဘဲ အားနာသောအားဖြင့် မေတ္တာဖြင့်ရရှိသော ဘယ်ကုန်ပစ္စည်းကိုမှ post မတင်ပေးတော့ပါဘူတဲ့။

Leave a Reply

Your email address will not be published. Required fields are marked *