ဖဲလိမ္ရိုက္နည္းမ်ား

ဖဲရိုက္တာ ၀ါသနာပါတဲ႔သူငယ္ခ်င္းေတြ တစ္ကယ္႔ဆရာၾကီးေတြနဲ႔ေတြ႔ျပီး မခံရေအာင္လို႔ တင္ေပးလိုက္တာပါ။ သူမ်ားေတြကို ဒုကၡေပးတာမ်ိဳးေတာ႔ မလုပ္ေစခ်င္ဘူး။

အရင္ဦးဆံုး 21 လိမ္နည္းေလးေျပာျပပါမယ္

ဒီနည္းလမ္းက သိပ္ေတာ႔အသံုးမ၀င္လွပါဘူး။ ဖဲထုပ္ကိုျပင္ရလို႔ပဲ။ ေနာက္နည္းေတြကေတာ႔ ျပင္စရာမလိုဘူး။ ဒီနည္းလမ္းကို သိတဲ႔လူဟာ အနည္းငယ္ေတာ႔ရွိပါတယ္။ အသိအခ်င္းခ်င္း အေပ်ာ္သေဘာမ်ိဳး ေဆာ႔ရင္းကေန ပထမပိုင္း ဒိုင္က အရံႈးေပးထားျပီး ေနာက္မွျပန္ယူတာမ်ိဳး လုပ္တတ္ၾကပါတယ္။ ထိုးသားေတြကလည္း ပထမႏိုင္ ထားတဲ႔ ဟာေတြ ျပန္ပါကုန္ေတာ႔ အတင္းျပန္လိုက္ရာကေန ပါသမွ် အကုန္ကုန္တဲ႔အျဖစ္ ေရာက္ပါတယ္။

တစ္ခ်ိဳ႕ေတြဆိုရင္ အိမ္ျပန္ျပီး ပိုက္ဆံထုပ္ သြားသယ္တဲ႔အထိ ျဖစ္ကုန္ၾကပါတယ္။ ဒီနည္းမွာ ဒိုင္ကဘယ္လိုလိမ္လဲဆိုေတာ႔ ဖဲထုပ္ဟာ သူျပင္ထားျပီးသား ဖဲထုပ္ျဖစ္ပါတယ္။ ျပင္ထားတယ္ဆိုေပမယ္႔ ဘယ္လိုရွာရွာ မေတြ႔ရမယ္႔ ေနရာကို ျပင္ထားတာပါ။

10,J,Q,K,A ဖဲေတြအကုန္လံုးကိုျပင္ရပါတယ္။ ဒါကလြယ္ပါတယ္။ အဲဒီ 10,J,Q,K,A ဖဲေတြအားလံုးရဲ႕ ေဘးသားကို ဘရိတ္ထားနဲ႔ တစ္ခ်က္စီ အသာေလး ပြတ္ဆြဲထားလိုက္ရံုျဖစ္ပါတယ္။ အရမ္းလုပ္လို႔ေတာ႔ မရဘူး။ တစ္ခ်က္ပဲ အသာေလးဆြဲလိုက္ရင္ ရပါျပီ။ ဒါမွ သူမ်ားလည္းမရိပ္မိမွာ။ ဖဲစေ၀ျပီဆိုတာနဲ႔ ဖဲရဲ႕ေဘးသားက ၾကမ္းေနတယ္ဆိုရင္ တစ္ဖဲ၊ ကုလားဖဲ၊ ဆယ္ဖဲ၊ တစ္ခုခုပဲဆိုတာ ေသခ်ာျပီေလ။

(ဖဲထုပ္ကို လက္နဲ႔အုပ္ကိုင္ျပီး လက္ညိႈးနဲ႔ လက္မနဲ႔ညွပ္ျပီးကိုင္ပါ။ ဖဲေ၀ေနတဲ႔အခ်ိန္မွာ လက္ညႈိးနဲ႔လက္မကို အာရံုစိုက္ထားပါ။) အဲဒီဖဲကို ေ၀ရမဲ႔လူဆီ မေ၀ပဲ အထဲကို နည္းနည္းထိုးထည့္ျပီး အေပၚက တစ္ခ်က္ကို ေက်ာ္ေ၀လိုက္ပါ။ သူငယ္ခ်င္း အလွည့္ေရာက္ေတာ႔မွ ေစာေစာက အထဲကို နည္းနည္းထိုးထည့္ထားတဲ႔ ဖဲကိုခ်လိုက္ပါ။ ေနာက္ဖဲတစ္ခ်ပ္ ထပ္ေ၀တဲ႔အခါမွာလည္း အဲဒီလိုပဲ လုပ္လိုက္ပါ။ ဒါဆို သူငယ္ခ်င္းဟာ 20,21က်မွာ က်ိန္းေသသြားပါျပီ။

ကုလားဖဲေတြ၊ ဆယ္ဖဲေတြက ငါးခ်ပ္မွာ တစ္ခ်ပ္ေတာ႔ အျမဲပါပါတယ္။ ကုလားဖန္ ႏွံ႕အာင္သာထိုးထားလိုက္ပါ။ (မွတ္ခ်က္-ဖဲေ၀တဲ႔အခါ ပံုမွန္ဆိုရင္ ေ၀ရမယ္႔ ေအာက္ကဖဲကို ဒီတိုင္းထုပ္ျပီး ေ၀ရပါတယ္။ အဲဒီအခါမွာ တစ္ခ်ိဳ႕လူေတြက ကုလားဖဲမွန္းလဲသိေရာ ထုပ္ျပီးမွ ထိုးေနတဲ႔လူေတြကို အေၾကာင္းတစ္ခုခုရွာ ေျပာျပီး ေ၀ရမယ္႔ဖဲကို ျပန္ထည့္သြားတတ္ပါတယ္။

ဒါဟာ ၾကာရင္ေတာ႔မလြယ္ပါဘူး။ ကၽြန္ေတာ္ကေတာ႔ ဒီလိုလုပ္ပါတယ္။ ဖဲခ်ပ္တိုင္းကို စေ၀ထဲက ဒီတိုင္းဆြဲမထုတ္ပဲ ေနာက္ကို အရင္ထိုးသြင္းလိုက္ပါတယ္။ လက္နဲ႔အာရံုခံပါတယ္။ ကုလားဖဲ၊ ဆယ္ဖဲ၊ တစ္ဖဲ ျဖစ္လို႔ ဖဲခ်ပ္ေဘးက ၾကမ္းေနတယ္ဆိုတာနဲ႔ အဲဒီဖဲကို ျပန္မထုတ္ေတာ႔ပဲ အေပၚဖဲကို ေက်ာ္ေ၀လိုက္ပါတယ္။ တစ္ကယ္လို႔ ကုလားဖဲ မဟုတ္ဘူး ဆိုရင္ေတာ႔ အဲဒီဟာကိုပဲ ျပန္ထုတ္ျပီးေ၀ပါတယ္။

ေနာက္ကို ထိုးသြင္းတယ္ဆိုတာ အရမ္းသြားျပီး ထိုးသြင္းလို႔ေတာ႔ မရပါဘူး။ နည္းနည္း မသိမသာေလးေပါ႔။ ကိုယ္႔ဖဲဟုတ္ရင္ ျပန္မထုတ္ပဲ ခ်န္ခဲ႔ျပီး ေက်ာ္ေ၀။ ကိုယ္႔ဖဲ မဟုတ္ဘူးဆိုရင္ေတာ႔ ဲဒီဖဲကိုပဲ ျပန္ထုတ္ျပီး ေ၀လိုက္ေပါ႔။ လက္ကေတာ႔ လံုး၀ျမန္ေနမွရမယ္။ အေလ႔အက်င္႔ပါ။ ဘယ္အရာမဆို လြယ္လြယ္ေတာ႔ မရပါဘူး)

ရွမ္းကိုးမွီး

တစ္ခ်ိဳ႕က ရွမ္းကိုးမွီး လိမ္လို႔ရတယ္ ေျပာတာမယံုခ်င္ဘူး။ ကၽြန္ေတာ္ကိုယ္တိုင္လည္း အစကမယံုဘူး။ အေပၚက ေ၀တဲ႔ဖဲကို ဘယ္လိုမွ လိမ္လို႔မရဘူး ထင္တာေပါ႔။ သူ႔လိမ္နည္းက ဒီလိုဗ်။ ေတာ္ရံုတန္ရံု ဆရာက်တဲ႔ ဖဲဆရာၾကီးေတြေတာင္ ဒီနည္းကို မသိၾကတဲ႔လူေတြ ရွိပါတယ္။ ဒီနည္းက ေတာ္ေတာ္ ခက္ခက္ခဲခဲ ေလ႔က်င္႔ထားမွ ရပါတယ္။ တစ္လေလာက္ေတာင္ ထိုင္ျပီးေလ႔က်င္႔မွ ကၽြမ္းက်င္သြားပါတယ္။ သူက်ေတာ႔ လက္လွည့္ပညာျဖစ္သြားျပီ။ ဘယ္ဖဲထုပ္ပဲ လာလာ လိမ္လို႔ရပါတယ္။ ကၽြန္ေတာ္႔တုန္းကဆိုရင္ ေျပာတဲ႔လူက လူေျခာက္ေယာက္ေလာက္ေရွ႕မွာ သူ ရွမ္းကိုးမွီးကို ငါးပြဲတိတိ ရိုက္ျပမယ္။ လိမ္မယ္ဆိုျပီး ေျပာရိုက္တာ။ ငါးပြဲလံုး ၈(သို႔မဟုတ္)၉ ပဲက်ရမယ္ဆိုျပီး ေျပာရိုက္တာ။ တစ္ကယ္ကိုငါးပြဲလံုး ၉ပဲက်တယ္။

အဲဒါဘယ္လိုလုပ္တာလဲဆိုေတာ႔?

ပထမဦးဆံုးပြဲကေတာ႔ က်ခ်င္ရာက်ဆိုျပီး ေ၀လိုက္ပါတယ္။ လူငါးေယာက္အတြက္ ဆယ္ခ်ပ္ေပါ႔။ ဆြဲတဲ႔လူက ဆြဲတာနဲ႔ဆို ဆယ္႔သံုးခ်ပ္၊ ဆယ္႔ေလးခ်ပ္ေလာက္ေပါ႔။ အဲဒီအထိ လိမ္တာမပါေသးဘူး။ လိမ္တာက အခုမွစတာ။ ေစာေစာက ေ၀ထားတဲ႔ ဖဲေတြကို ျပန္သိမ္းတဲ႔ေနရာမွာ ဖဲကို အစီအစဥ္လိုက္ ေကာက္လိုက္တယ္။ ဥပမာ-လူငါးေယာက္ ေဆာ႔ေနတယ္ဗ်ာ။ အဲဒီမွာ ဖဲျပန္သိမ္းေတာ႔ ပထမ ဖဲေလးခ်ပ္ကို သူမလိုခ်င္တဲ႔ဖဲေတြ အရင္ေကာက္သိမ္းျပီး ငါးခ်ပ္ေျမာက္မွာ (ေ၀ရင္သူ႔အိမ္ျပန္က်မယ္႔ဖဲ) ၉ဖဲကို ထည့္လိုက္တယ္။ ေနာက္ေလးခ်ပ္ ထပ္ေကာက္ျပီး ဆယ္ခ်ပ္ေျမာက္မွာ ကုလားဖဲ ထည့္လိုက္ ေတာ႔ အဲဒီအတိုင္း ျပန္ေ၀ရင္ သူက၉က်သြားေရာေလ။ ဟုတ္တယ္မလား။ ဒါေပမယ္႔ ကုလားဖန္ ထိုးတဲ႔ေနရာမွာ အေပၚဆယ္ခ်ပ္ကို လႊတ္ထိုးေပးရပါတယ္။ ဒါမွ ကိုယ္႔ဖဲအစီအစဥ္ ပ်က္မသြားမွာ။ ကုလားဖန္ထိုးျပီးတာနဲ႔ ဖဲခ်ပ္ေတြကိုအေပၚကို ေကာ႔သြားေအာင္ လက္နဲ႕တစ္ခ်က္ ဆြဲပစ္လိုက္ပါ။ ဒါအေရးၾကီးတယ္။ ေမ႔လို႔မရဘူး။

အဲလိုလုပ္မွ ဖဲခ်ိဳးတဲ႔လူက ခ်ိဳးလိုက္တဲ႔အခါမွာ ဖဲခ်ိဳးထားတဲ႔ေနရာကေန ၾကားထဲမွာ အေပါက္ေလး နဲနဲဟေနပါတယ္။ ကိုယ္စီထားတဲ႔ ဖဲကေအာက္ေရာက္သြားေနျပီေနာ္။ အဲဒါကို အေပၚေရာက္ေအာင္ ျပန္လုပ္ ရမွာ။ ဒါမွ ကိုေစာေစာက စီထားတဲ႔ ဖဲက်မွာေလ။ အဲဒီ အေပါက္ ကေနျပီး အေပၚကဖဲကို အလႊာလိုက္ ေဘးကို တြန္းပစ္ျပီး ေအာက္က ဖဲလႊာ ကိုက်ေတာ႔ လက္မေအာက္က လက္ဖေနာင္႔နဲ႔ ညွပ္ျပီး အေပၚ ကို နဲနဲကားေပးရပါတယ္။ အဲဒီက်ေတာ႔မွာ ေစာေစာက ေဘးကိုတြန္းထားတဲ႔ဟာကို ေအာက္ကိုဆြဲခ်ျပီး ေအာက္က ဟာကို အေပၚတင္လိုက္ျပီး ေနရာတစ္က် တစ္ခါတည္း ျပန္ထားလိုက္ ရတာပါ။ ဒီနည္းက ေလ႔က်င္႔ရတာ ေတာ္ေတာ္ခက္သလို၊ ရွမ္းကိုးမွီး လိမ္ျပီဆိုတာနဲ႔ ၾကည့္လိုက္၊ ဒီနည္းပါပဲ။

တစ္ခုတည္းေသာ ရွမ္းကိုမွီးလိမ္နည္း လို႔ေတာင္ေျပာလို႔ရပါတယ္။ (မွတ္ခ်က္-မလုပ္မျဖစ္ လုပ္ရမယ္႔ ဟာကေတာ႔ ကုလားဖန္ထိုး ျပီးျပီးျခင္း ဖဲထုပ္ကို အေပၚကို ေကာ႔သြားေအာင္ လက္နဲ႔ တစ္ခ်က္လွန္ဆြဲေပးရတာပဲ။ သူငယ္ခ်င္းေဆာ႔ေနတဲ႔ ၀ိုင္းကဒိုင္ဟာ အဲဒီလိုလုပ္ေနတယ္ဆိုရင္ ဒါဟာ လိမ္ေနတာျဖစ္ဖို႔ “၉၉ရာခိုင္ႏႈန္း ” ေသခ်ာသြားပါျပီ။) ေနာက္ထပ္နည္းေတြကေတာ႔ ေနာက္မွ အေသးစိတ္ ထပ္ေျပာေတာ႔မယ္ဗ်ာ။ အခုေတာ႔ က်န္တဲ႔ အေကာင္းဆံုး လိမ္နည္းေတြကို အက်ဥ္းခ်ံဳးျပီးေတာ႔ ပဲေျပာျပာေတာ႔မယ္။

ပိုကာ

ပိုကာေဒါင္းတဲ႔ေနရာမွာ ဂ်ိဳကာေလးေကာင္ ပါေအာင္ လုပ္လို႔ရပါတယ္။ လက္လွည့္ပါပဲ။ ေစာေစာက ရွမ္းကိုးမွီးလိမ္နည္းနဲ႔ သြားဆင္ပါတယ္။ သူက ဖဲထုပ္ၾကီးတဲ႔အတြက္ ေစာေစာ ကလို မလုပ္ပဲနဲ႔ ေ၀ဖို႔ဖဲ ကုန္သြားလို႔ ေနာက္ထပ္ ဖဲထပ္ယူတဲ႔အခ်ိန္မွာ ကိုယ္႔လက္ထဲကက်န္တဲ႔ ဖဲနဲ႔ ထပ္ယူတဲ႔ဖဲကို လက္ခ်င္း cross လုပ္ျပီးလည္းသြားတာပါ။ ဒါလည္း ၾကည့္ေနရင္းနဲ႔ကို ဘာမွန္းေတာင္မသိလိုက္ပါဘူး။ ငါ ဖဲလဲလိုက္ျပီးျပီ ဆိုေတာ႔မွ ဗ်ာ…ဆိုျပီးေမးရေတာ႔တယ္။

အဲဒီေတာ႔ ပိုကာေဒါင္းျပီဆိုရင္ ဖဲကိုတစ္ခါတည္း အကုန္မယူပဲနဲ႔ ျပီးမွ ဖဲထပ္ယူျပီး ဆက္ေ၀တယ္ဆိုရင္ နဲနဲေတာ႔သတိထားသင္႔ပါတယ္။ လူေတာ္ေတာ္ မ်ားမ်ားကအဲလိုမ်ိဳး ဖဲကိုအကုန္ကိုင္မေ၀ပဲ ကုန္မွ ထပ္ယူျပီး ေ၀တာမ်ားပါတယ္။ လိမ္မလိမ္ သိခ်င္ရင္ မ်က္စိရွင္ရွင္နဲ႔ ၾကည့္မွပဲသိႏိုင္ပါမယ္။ ေစာေစာကလိုေ၀တိုင္းလည္း လိမ္တဲ႔လူလို႔ေတာ႔ တြက္လို႔မရေသးပါဘူး။

ေနာက္တစ္နည္း

သူကေတာ႔ 21 ထိုးသားေတြအတြက္ပါ။ ဖဲကိုလက္နဲ႔ကပ္ျပီး ျပန္ခ်သြားတာပါ။ တစ္ခ်ိဳ႕ဒိုင္ေတြလည္း အဲလိုလုပ္တတ္ပါတယ္။ အိမ္တစ္အိမ္ကိုဖမ္းလိုက္ရင္းနဲ႔ လက္က ဖဲထုပ္ပန္းကန္ ေပၚျဖတ္အသြားမွာ တစ္ခါတည္း အဲဒီေသေနတဲ႔ဖဲက ပန္းကန္အေပၚေရာက္သြားတာပါပဲ။ တစ္ခ်ပ္ေလွ်ာ႔လိုက္တာေပါ႔။ 21 ေက်ာ္ေနလို႔ေလ။

ေနာက္တစ္နည္း

ဖဲဆြဲတဲ႔ေနရာမွာလည္း အလိမ္ခံရႏိုင္ပါေသးတယ္။ ကိုယ္လိုခ်င္တဲ႔ဖဲကို ေရြးျပီးဆြဲလို႔ရပါတယ္။ ဒီလိုမ်ိဳးဗ်ာ- အခုသူငယ္ခ်င္း ဖဲထုပ္အေပၚဆံုးမွာ တစ္ဖဲနဲ႔ ႏွစ္ဖဲရွိတယ္။ အဲဒီဟာကို အေပၚဆံုးက အခ်ပ္ကို လွန္သလိုလိုနဲ႔ ေအာက္က ႏွစ္ဖဲကို ေက်ာ္ျပီးလွန္လိုက္တဲ႔ သေဘာပါပဲ။ လက္အေနအထားကေတာ႔ လိုပါတယ္။ အဲဒီမွာ ထားရမယ္႔ လက္အေနအထားက ေတာ္ေတာ္ရႈပ္ပါတယ္။ ေစာေစာက အေပၚဆံုးက အခ်ပ္ကို လွန္တယ္ဆိုတာ ဥပမာေပးတာပါ။ အမွန္ဆိုရင္ ေအာက္ကဆြဲရတဲ႔ ဖဲမ်ိဳးမွ အဆင္ေျပပါတယ္။ 21 လိုမ်ိဳးေပါ႔။

ေနာက္တစ္နည္း

ရႈိးကိုလည္းလိမ္လို႔ရပါတယ္ခင္ဗ်ာ။ တစ္ျခားႏိုင္ငံေတြမွာကေတာ႔ ေခတ္မွီနည္းေတြနဲ႔ ရႈိးကို လိမ္ၾကတယ္။ အဓိကကေတာ႔ ဖဲခ်ပ္ေတြကို ဘယ္ဖဲက ဘာလည္းဆိုတာကို သိရေအာင္ လုပ္ၾကပါတယ္။ ဒီမွာကေတာ႔ ေခတ္မွီနည္းမရွိေတာ႔ အေပၚက 21 လိမ္နည္းလိုနည္းမ်ိဳး သံုးျပီးလိမ္ၾကပါတယ္။ အခုတစ္ခါေတာ႔ ဒီေလာက္နဲ႔ပဲနားလိုက္ဦးမယ္။

=========================

ဖဲရိုက်တာ ၀ါသနာပါတဲ့သူငယ်ချင်းတွေ တစ်ကယ့်ဆရာကြီးတွေနဲ့တွေ့ပြီး မခံရအောင်လို့ တင်ပေးလိုက်တာပါ။ သူများတွေကို ဒုက္ခပေးတာမျိုးတော့ မလုပ်စေချင်ဘူး။

အရင်ဦးဆုံး 21 လိမ်နည်းလေးပြောပြပါမယ်

ဒီနည်းလမ်းက သိပ်တော့အသုံးမဝင်လှပါဘူး။ ဖဲထုပ်ကိုပြင်ရလို့ပဲ။ နောက်နည်းတွေကတော့ ပြင်စရာမလိုဘူး။ ဒီနည်းလမ်းကို သိတဲ့လူဟာ အနည်းငယ်တော့ရှိပါတယ်။ အသိအချင်းချင်း အပျော်သဘောမျိုး ဆော့ရင်းကနေ ပထမပိုင်း ဒိုင်က အရှုံးပေးထားပြီး နောက်မှပြန်ယူတာမျိုး လုပ်တတ်ကြပါတယ်။ ထိုးသားတွေကလည်း ပထမနိုင် ထားတဲ့ ဟာတွေ ပြန်ပါကုန်တော့ အတင်းပြန်လိုက်ရာကနေ ပါသမျှ အကုန်ကုန်တဲ့အဖြစ် ရောက်ပါတယ်။

တစ်ချို့တွေဆိုရင် အိမ်ပြန်ပြီး ပိုက်ဆံထုပ် သွားသယ်တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ ဒီနည်းမှာ ဒိုင်ကဘယ်လိုလိမ်လဲဆိုတော့ ဖဲထုပ်ဟာ သူပြင်ထားပြီးသား ဖဲထုပ်ဖြစ်ပါတယ်။ ပြင်ထားတယ်ဆိုပေမယ့် ဘယ်လိုရှာရှာ မတွေ့ရမယ့် နေရာကို ပြင်ထားတာပါ။

10,J,Q,K,A ဖဲတွေအကုန်လုံးကိုပြင်ရပါတယ်။ ဒါကလွယ်ပါတယ်။ အဲဒီ 10,J,Q,K,A ဖဲတွေအားလုံးရဲ့ ဘေးသားကို ဘရိတ်ထားနဲ့ တစ်ချက်စီ အသာလေး ပွတ်ဆွဲထားလိုက်ရုံဖြစ်ပါတယ်။ အရမ်းလုပ်လို့တော့ မရဘူး။ တစ်ချက်ပဲ အသာလေးဆွဲလိုက်ရင် ရပါပြီ။ ဒါမှ သူများလည်းမရိပ်မိမှာ။ ဖဲစဝေပြီဆိုတာနဲ့ ဖဲရဲ့ဘေးသားက ကြမ်းနေတယ်ဆိုရင် တစ်ဖဲ၊ ကုလားဖဲ၊ ဆယ်ဖဲ၊ တစ်ခုခုပဲဆိုတာ သေချာပြီလေ။

(ဖဲထုပ်ကို လက်နဲ့အုပ်ကိုင်ပြီး လက်ညှိုးနဲ့ လက်မနဲ့ညှပ်ပြီးကိုင်ပါ။ ဖဲဝေနေတဲ့အချိန်မှာ လက်ညှိုးနဲ့လက်မကို အာရုံစိုက်ထားပါ။) အဲဒီဖဲကို ဝေရမဲ့လူဆီ မဝေပဲ အထဲကို နည်းနည်းထိုးထည့်ပြီး အပေါ်က တစ်ချက်ကို ကျော်ဝေလိုက်ပါ။ သူငယ်ချင်း အလှည့်ရောက်တော့မှ စောစောက အထဲကို နည်းနည်းထိုးထည့်ထားတဲ့ ဖဲကိုချလိုက်ပါ။ နောက်ဖဲတစ်ချပ် ထပ်ဝေတဲ့အခါမှာလည်း အဲဒီလိုပဲ လုပ်လိုက်ပါ။ ဒါဆို သူငယ်ချင်းဟာ 20,21ကျမှာ ကျိန်းသေသွားပါပြီ။

ကုလားဖဲတွေ၊ ဆယ်ဖဲတွေက ငါးချပ်မှာ တစ်ချပ်တော့ အမြဲပါပါတယ်။ ကုလားဖန် နှံ့အာင်သာထိုးထားလိုက်ပါ။ (မှတ်ချက်-ဖဲဝေတဲ့အခါ ပုံမှန်ဆိုရင် ဝေရမယ့် အောက်ကဖဲကို ဒီတိုင်းထုပ်ပြီး ဝေရပါတယ်။ အဲဒီအခါမှာ တစ်ချို့လူတွေက ကုလားဖဲမှန်းလဲသိရော ထုပ်ပြီးမှ ထိုးနေတဲ့လူတွေကို အကြောင်းတစ်ခုခုရှာ ပြောပြီး ဝေရမယ့်ဖဲကို ပြန်ထည့်သွားတတ်ပါတယ်။

ဒါဟာ ကြာရင်တော့မလွယ်ပါဘူး။ ကျွန်တော်ကတော့ ဒီလိုလုပ်ပါတယ်။ ဖဲချပ်တိုင်းကို စဝေထဲက ဒီတိုင်းဆွဲမထုတ်ပဲ နောက်ကို အရင်ထိုးသွင်းလိုက်ပါတယ်။ လက်နဲ့အာရုံခံပါတယ်။ ကုလားဖဲ၊ ဆယ်ဖဲ၊ တစ်ဖဲ ဖြစ်လို့ ဖဲချပ်ဘေးက ကြမ်းနေတယ်ဆိုတာနဲ့ အဲဒီဖဲကို ပြန်မထုတ်တော့ပဲ အပေါ်ဖဲကို ကျော်ဝေလိုက်ပါတယ်။ တစ်ကယ်လို့ ကုလားဖဲ မဟုတ်ဘူး ဆိုရင်တော့ အဲဒီဟာကိုပဲ ပြန်ထုတ်ပြီးဝေပါတယ်။

နောက်ကို ထိုးသွင်းတယ်ဆိုတာ အရမ်းသွားပြီး ထိုးသွင်းလို့တော့ မရပါဘူး။ နည်းနည်း မသိမသာလေးပေါ့။ ကိုယ့်ဖဲဟုတ်ရင် ပြန်မထုတ်ပဲ ချန်ခဲ့ပြီး ကျော်ဝေ။ ကိုယ့်ဖဲ မဟုတ်ဘူးဆိုရင်တော့ ဲဒီဖဲကိုပဲ ပြန်ထုတ်ပြီး ဝေလိုက်ပေါ့။ လက်ကတော့ လုံးဝမြန်နေမှရမယ်။ အလေ့အကျင့်ပါ။ ဘယ်အရာမဆို လွယ်လွယ်တော့ မရပါဘူး)

ရှမ်းကိုးမှီး

တစ်ချို့က ရှမ်းကိုးမှီး လိမ်လို့ရတယ် ပြောတာမယုံချင်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အစကမယုံဘူး။ အပေါ်က ဝေတဲ့ဖဲကို ဘယ်လိုမှ လိမ်လို့မရဘူး ထင်တာပေါ့။ သူ့လိမ်နည်းက ဒီလိုဗျ။ တော်ရုံတန်ရုံ ဆရာကျတဲ့ ဖဲဆရာကြီးတွေတောင် ဒီနည်းကို မသိကြတဲ့လူတွေ ရှိပါတယ်။ ဒီနည်းက တော်တော် ခက်ခက်ခဲခဲ လေ့ကျင့်ထားမှ ရပါတယ်။ တစ်လလောက်တောင် ထိုင်ပြီးလေ့ကျင့်မှ ကျွမ်းကျင်သွားပါတယ်။ သူကျတော့ လက်လှည့်ပညာဖြစ်သွားပြီ။ ဘယ်ဖဲထုပ်ပဲ လာလာ လိမ်လို့ရပါတယ်။ ကျွန်တော့်တုန်းကဆိုရင် ပြောတဲ့လူက လူခြောက်ယောက်လောက်ရှေ့မှာ သူ ရှမ်းကိုးမှီးကို ငါးပွဲတိတိ ရိုက်ပြမယ်။ လိမ်မယ်ဆိုပြီး ပြောရိုက်တာ။ ငါးပွဲလုံး ၈(သို့မဟုတ်)၉ ပဲကျရမယ်ဆိုပြီး ပြောရိုက်တာ။ တစ်ကယ်ကိုငါးပွဲလုံး ၉ပဲကျတယ်။

အဲဒါဘယ်လိုလုပ်တာလဲဆိုတော့?

ပထမဦးဆုံးပွဲကတော့ ကျချင်ရာကျဆိုပြီး ဝေလိုက်ပါတယ်။ လူငါးယောက်အတွက် ဆယ်ချပ်ပေါ့။ ဆွဲတဲ့လူက ဆွဲတာနဲ့ဆို ဆယ့်သုံးချပ်၊ ဆယ့်လေးချပ်လောက်ပေါ့။ အဲဒီအထိ လိမ်တာမပါသေးဘူး။ လိမ်တာက အခုမှစတာ။ စောစောက ဝေထားတဲ့ ဖဲတွေကို ပြန်သိမ်းတဲ့နေရာမှာ ဖဲကို အစီအစဉ်လိုက် ကောက်လိုက်တယ်။ ဥပမာ-လူငါးယောက် ဆော့နေတယ်ဗျာ။ အဲဒီမှာ ဖဲပြန်သိမ်းတော့ ပထမ ဖဲလေးချပ်ကို သူမလိုချင်တဲ့ဖဲတွေ အရင်ကောက်သိမ်းပြီး ငါးချပ်မြောက်မှာ (ဝေရင်သူ့အိမ်ပြန်ကျမယ့်ဖဲ) ၉ဖဲကို ထည့်လိုက်တယ်။ နောက်လေးချပ် ထပ်ကောက်ပြီး ဆယ်ချပ်မြောက်မှာ ကုလားဖဲ ထည့်လိုက် တော့ အဲဒီအတိုင်း ပြန်ဝေရင် သူက၉ကျသွားရောလေ။ ဟုတ်တယ်မလား။ ဒါပေမယ့် ကုလားဖန် ထိုးတဲ့နေရာမှာ အပေါ်ဆယ်ချပ်ကို လွှတ်ထိုးပေးရပါတယ်။ ဒါမှ ကိုယ့်ဖဲအစီအစဉ် ပျက်မသွားမှာ။ ကုလားဖန်ထိုးပြီးတာနဲ့ ဖဲချပ်တွေကိုအပေါ်ကို ကော့သွားအောင် လက်နဲ့တစ်ချက် ဆွဲပစ်လိုက်ပါ။ ဒါအရေးကြီးတယ်။ မေ့လို့မရဘူး။

အဲလိုလုပ်မှ ဖဲချိုးတဲ့လူက ချိုးလိုက်တဲ့အခါမှာ ဖဲချိုးထားတဲ့နေရာကနေ ကြားထဲမှာ အပေါက်လေး နဲနဲဟနေပါတယ်။ ကိုယ်စီထားတဲ့ ဖဲကအောက်ရောက်သွားနေပြီနော်။ အဲဒါကို အပေါ်ရောက်အောင် ပြန်လုပ် ရမှာ။ ဒါမှ ကိုစောစောက စီထားတဲ့ ဖဲကျမှာလေ။ အဲဒီ အပေါက် ကနေပြီး အပေါ်ကဖဲကို အလွှာလိုက် ဘေးကို တွန်းပစ်ပြီး အောက်က ဖဲလွှာ ကိုကျတော့ လက်မအောက်က လက်ဖနောင့်နဲ့ ညှပ်ပြီး အပေါ် ကို နဲနဲကားပေးရပါတယ်။ အဲဒီကျတော့မှာ စောစောက ဘေးကိုတွန်းထားတဲ့ဟာကို အောက်ကိုဆွဲချပြီး အောက်က ဟာကို အပေါ်တင်လိုက်ပြီး နေရာတစ်ကျ တစ်ခါတည်း ပြန်ထားလိုက် ရတာပါ။ ဒီနည်းက လေ့ကျင့်ရတာ တော်တော်ခက်သလို၊ ရှမ်းကိုးမှီး လိမ်ပြီဆိုတာနဲ့ ကြည့်လိုက်၊ ဒီနည်းပါပဲ။

တစ်ခုတည်းသော ရှမ်းကိုမှီးလိမ်နည်း လို့တောင်ပြောလို့ရပါတယ်။ (မှတ်ချက်-မလုပ်မဖြစ် လုပ်ရမယ့် ဟာကတော့ ကုလားဖန်ထိုး ပြီးပြီးခြင်း ဖဲထုပ်ကို အပေါ်ကို ကော့သွားအောင် လက်နဲ့ တစ်ချက်လှန်ဆွဲပေးရတာပဲ။ သူငယ်ချင်းဆော့နေတဲ့ ၀ိုင်းကဒိုင်ဟာ အဲဒီလိုလုပ်နေတယ်ဆိုရင် ဒါဟာ လိမ်နေတာဖြစ်ဖို့ “၉၉ရာခိုင်နှုန်း ” သေချာသွားပါပြီ။) နောက်ထပ်နည်းတွေကတော့ နောက်မှ အသေးစိတ် ထပ်ပြောတော့မယ်ဗျာ။ အခုတော့ ကျန်တဲ့ အကောင်းဆုံး လိမ်နည်းတွေကို အကျဉ်းချုံးပြီးတော့ ပဲပြောပြာတော့မယ်။

ပိုကာ

ပိုကာဒေါင်းတဲ့နေရာမှာ ဂျိုကာလေးကောင် ပါအောင် လုပ်လို့ရပါတယ်။ လက်လှည့်ပါပဲ။ စောစောက ရှမ်းကိုးမှီးလိမ်နည်းနဲ့ သွားဆင်ပါတယ်။ သူက ဖဲထုပ်ကြီးတဲ့အတွက် စောစော ကလို မလုပ်ပဲနဲ့ ဝေဖို့ဖဲ ကုန်သွားလို့ နောက်ထပ် ဖဲထပ်ယူတဲ့အချိန်မှာ ကိုယ့်လက်ထဲကကျန်တဲ့ ဖဲနဲ့ ထပ်ယူတဲ့ဖဲကို လက်ချင်း cross လုပ်ပြီးလည်းသွားတာပါ။ ဒါလည်း ကြည့်နေရင်းနဲ့ကို ဘာမှန်းတောင်မသိလိုက်ပါဘူး။ ငါ ဖဲလဲလိုက်ပြီးပြီ ဆိုတော့မှ ဗျာ…ဆိုပြီးမေးရတော့တယ်။

အဲဒီတော့ ပိုကာဒေါင်းပြီဆိုရင် ဖဲကိုတစ်ခါတည်း အကုန်မယူပဲနဲ့ ပြီးမှ ဖဲထပ်ယူပြီး ဆက်ဝေတယ်ဆိုရင် နဲနဲတော့သတိထားသင့်ပါတယ်။ လူတော်တော် များများကအဲလိုမျိုး ဖဲကိုအကုန်ကိုင်မဝေပဲ ကုန်မှ ထပ်ယူပြီး ဝေတာများပါတယ်။ လိမ်မလိမ် သိချင်ရင် မျက်စိရှင်ရှင်နဲ့ ကြည့်မှပဲသိနိုင်ပါမယ်။ စောစောကလိုဝေတိုင်းလည်း လိမ်တဲ့လူလို့တော့ တွက်လို့မရသေးပါဘူး။

နောက်တစ်နည်း

သူကတော့ 21 ထိုးသားတွေအတွက်ပါ။ ဖဲကိုလက်နဲ့ကပ်ပြီး ပြန်ချသွားတာပါ။ တစ်ချို့ဒိုင်တွေလည်း အဲလိုလုပ်တတ်ပါတယ်။ အိမ်တစ်အိမ်ကိုဖမ်းလိုက်ရင်းနဲ့ လက်က ဖဲထုပ်ပန်းကန် ပေါ်ဖြတ်အသွားမှာ တစ်ခါတည်း အဲဒီသေနေတဲ့ဖဲက ပန်းကန်အပေါ်ရောက်သွားတာပါပဲ။ တစ်ချပ်လျှော့လိုက်တာပေါ့။ 21 ကျော်နေလို့လေ။

နောက်တစ်နည်း

ဖဲဆွဲတဲ့နေရာမှာလည်း အလိမ်ခံရနိုင်ပါသေးတယ်။ ကိုယ်လိုချင်တဲ့ဖဲကို ရွေးပြီးဆွဲလို့ရပါတယ်။ ဒီလိုမျိုးဗျာ- အခုသူငယ်ချင်း ဖဲထုပ်အပေါ်ဆုံးမှာ တစ်ဖဲနဲ့ နှစ်ဖဲရှိတယ်။ အဲဒီဟာကို အပေါ်ဆုံးက အချပ်ကို လှန်သလိုလိုနဲ့ အောက်က နှစ်ဖဲကို ကျော်ပြီးလှန်လိုက်တဲ့ သဘောပါပဲ။ လက်အနေအထားကတော့ လိုပါတယ်။ အဲဒီမှာ ထားရမယ့် လက်အနေအထားက တော်တော်ရှုပ်ပါတယ်။ စောစောက အပေါ်ဆုံးက အချပ်ကို လှန်တယ်ဆိုတာ ဥပမာပေးတာပါ။ အမှန်ဆိုရင် အောက်ကဆွဲရတဲ့ ဖဲမျိုးမှ အဆင်ပြေပါတယ်။ 21 လိုမျိုးပေါ့။

နောက်တစ်နည်း

ရှိုးကိုလည်းလိမ်လို့ရပါတယ်ခင်ဗျာ။ တစ်ခြားနိုင်ငံတွေမှာကတော့ ခေတ်မှီနည်းတွေနဲ့ ရှိုးကို လိမ်ကြတယ်။ အဓိကကတော့ ဖဲချပ်တွေကို ဘယ်ဖဲက ဘာလည်းဆိုတာကို သိရအောင် လုပ်ကြပါတယ်။ ဒီမှာကတော့ ခေတ်မှီနည်းမရှိတော့ အပေါ်က 21 လိမ်နည်းလိုနည်းမျိုး သုံးပြီးလိမ်ကြပါတယ်။ အခုတစ်ခါတော့ ဒီလောက်နဲ့ပဲနားလိုက်ဦးမယ်။

source:h.h

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *