ဗိုက်ထဲကကလေးရဲ့ ကျန်းမာရေးအခြေအနေကြောင့် Live လွှင့်ပြီး ဈေးရောင်းတာကို ရပ်နားသွားမယ်ဆိုတဲ့ အိအိတုန်

Posted on

အိအိတုန်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ပို့နေရာကနေ သရုပ်ဆောင်ပြီး ပရိသတ်အချစ်ကို သိမ်းပိုက်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အိအိတုန်ကတော့ အနုပညာအလုပ်အပြင် အွန်လိုင်းကနေ ဈေးရောင်းပြီးလည်း သမာအာဇီဝကျကျ စီးပွားရှာနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်တဲ့ အိအိတုန်က သူမဗိုက်ထဲက ကလေးရဲ့ ကျန်းမာရေးအခြေအနေကြောင့် Live လွှင့်ပြီး ဈေးရောင်းတာကို ရပ်နားသွားမယ့်အကြောင်း အခုလိုပဲ ပြောလာပါတယ်။အိတုန်ရဲ့ချစ်တုန်းတို့ရေအခုဈေးရောင်းတာ ခဏရပ်ပါမယ်နော်။ အိတုန်ရဲ့ဗိုက်ထဲကကလေးကျန်းမာရေးအခြေအနေကြောင့်ပါ။ ဒီချိန်မှာအရေးကြီးဆုံးက ကလေးမို့လို့ပါ။

တစ်နေ့ တစ်နေ့ရောင်းလိုက်တာနဲ့ အကုန်ဝယ်ပေးကြပြီး အားပေးမှာသိပါတယ်။ အခုက တစ်ထည်ပြီးတစ်ထည် ဝတ်လိုက် ချွတ်လိုက် ထိုင်လိုက် ထလိုက်လုပ်နေတာ ကလေးအတွက် တစ်ခုခုဖြစ်လာနိုင်တာမို့ အိတုန်နားရပါမယ်။ အချိန်တန်ရင် ပြန်လွှင့်ပေးပါမယ်။ ကိုယ်ကလုပ်နိုင်နေပေမယ့် အထဲကကလေးက မခံနိုင်မှာစိုးပါတယ်။ အိတုန်အရမ်းကြောက်လို့ပါ

Leave a Reply

Your email address will not be published. Required fields are marked *