တာဝန်ကျတဲ့ရက်ပြည့်တော့ ဂျူတီချိန်းမယ့်ဆရာဝန်ကလာတယ် အဲ့လိုလာတာကို ဆရာနေမျိုးလင်း က နေပါစေဆရာ ဒီဗိုင်းရပ်ကိစ္စ အားလုံးရှင်းမှ ဆရာဂျူတီဝင်ပေးပါ
ကျွန်တော်ပဲ အခုဆက်ဝင်မယ်နော် ဘာလို့လဲဆိုတော့ စောင့်ကြည့်နေတဲ့ သံသယလူနာထဲက ဖြစ်စေ တခြားကဖြစ်စေ ကူးခဲ့မယ်ဆိုရင် ကျွန်တော်ပဲတယောက်ထဲ အကူးခံလိုက်တော့မယ်လေ နောက်တယောက်မကူးအောင်လို့ပါ တကယ်လို့ကျွန်တော် ကူးခဲ့သည်ရှိသော် လုပ်နိုင်သလောက်ဆက်လုပ်မယ်နော် အဓိက အင်အားမလျော့ဖို့အရေးကြီးတာပါ ဂျူတီချိန်းပေးလိုက်လို့ ကူးခဲ့သည်ရှိသော် ၂ယောက်ကူးခံရတဲ့အတွက် အင်အားလျော့မှာပါ ဒါကြောင့်မချိန်းပေးတာပါ တဲ့ဗျာ
ကဲ ဘီးလင်းမြို့ကြီးမှာ ဒီလိုစိတ်ထားရှိတဲ့ ဝန်ထမ်းစစ်စစ်တစ်ယောက်ကို ပိုင်ဆိုင်ထားရတယ်ဆိုတာ မြို့သူ မြို့သားတွေ သိပြီး ဂုဏ်ယူနိုင်ကြပါစေဗျာ ထာဝရကျမ်းမာပါစေ လူနာအပေါင်းတို့ကို ရောဂါလျှင်မြန်စွာပျောက်ကင်းအောင် ကုသနိုင်ပြီး ထာဝရငြိမ်းချမ်းတဲ့ ဘဝကိုသာယာ ချမ်းမြေ့စွာ ပိုင်ဆိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်ခင်မျာ