ဗိုင်းရပ်စ်ကြောင့် ထိုင်းခရီးသွားလုပ်ငန်းပြိုလဲပြီး ဆင်ကောင်ရေ ၁၀၀၀ ကျော် အဆာငတ် သေဆုံးနိုင်

Posted on

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ထိုင်းခရီးသွားလုပ်ငန်း လုံးဝပိတ်ထားရတာကြောင့် နိုင်ငံတွင်းမှာ ဆင်ကောင်ရေ ၁၀၀၀ ကျော်ဟာ အဆာငတ်ပြီး သေဆုံးနိုင်တဲ့ဘေး ဆိုက်နေပါတယ်။ ထိုင်းနိုင်ငံမှာ ခိုင်းဆင်ကောင်ရေ ၄၀၀၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။ ဆင်ပိုင်ရှင်တွေဟာ ခရီးသွားလုပ်ငန်းက ရတဲ့ ဝင်ငွေနဲ့ ဆင်တွေကို ကျွေးမွေးနေတာပါ။


ခရီးသွားဧည့်သည် မရှိတော့တာအတွက် သူတို့ဟာ သူတို့ရဲ့ ဆင်တွေကို မကျွေးမွေးနိုင်တော့ဘဲ ဖြစ်ရပါတယ်။လကမ္ဘာမှာ အလှဆုံးနိုင်ငံဖြစ်နိုင်တဲ့ ထိုင်းနိုင်ငံဟာ လက်ရှိ COVID-19 ကူးစက်ဖြစ်ပွားမှုကို ပြင်းပြင်းထန်ထန် ဒဏ်ခံနေရပါတယ်။ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၂၆ ဦး ရှိပြီး သေဆုံးသူက လက်ရှိအထိ ၄၉ ဦး ရှိပါတယ်။ပြီးခဲ့တဲ့လက အစိုးရဟာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ဆင်တွေနဲ့အတူ ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းအပေါ် အတော်လေးမှီခိုနေရတာ ဖြစ်ပြီး ခုချိန်မှာ အစိုးရက ဆင်စခန်းတွေကို ပိတ်ခိုင်းထားတာကြောင့် ဆင်အစာအတွက် ငွေကြေးပြတ်လပ်တော့တာ ဖြစ်ပါတယ်။ ဒီအရေးကြောင့် တက်ကြွလှုပ်ရှားသူတွေဟာ ဆင်တွေအတွက် စိုးရိမ်လာကြရတာပဲ ဖြစ်ပါတယ်။

အစာမကျွေးနိုင်တော့တဲ့အတွက် ဆင်တွေဟာ အဆာငတ်ပြီး သေဆုံးနိုင်ခြေ ရှိနေသလို ဒါမှမဟုတ်ရင်လည်း လမ်းတွေပေါ်ထွက်ပြီး အလှူခံထွက်လို့ အစာကျွေးနိုင်ဖို့ လုပ်လာတာတွေ ဖြစ်လာနိုင်ပါတယ်လို့ ဆင်များကယ်တင်ရေးဖောင်ဒေးရှင်းအဖွဲ့က Sky News ကို ပြောပါတယ်။ဆင်တွေကို ကယ်တင်ဖို့ ထောက်ပံ့မှုမရှိခဲ့ရင် ကိုယ်ဝန်ဆောင်ထားတဲ့ ဆင်တွေပါ ပါနေတဲ့ အဲဒီ ဆင်တွေအနေနဲ့ အဆာငတ်ပြီး သေရင်သေ ဒါမှမဟုတ်ရင် လမ်းပေါ်ထွက် အလှူခံထွက်ဖို့ပဲ ရှိနေတော့တယ်။”လို့ ဖောင်ဒေးရှင်းကို တည်ထောင်သူ ချိုင်လတ်က ပြောပါတယ်။ “တစ်ချို့ ဆင်တွေကို တိရစ္ဆာန်ရုံဆီ ရောင်းချလာနိုင်သလို တစ်ချို့ ဆင်တွေက မှောင်ခိုသစ်ခုတ်လုပ်ငန်းဆီ ရောက်သွားနိုင်ခြေလည်း ရှိနေတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *