ဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေ ပိတ်မယ်ဆိုရင်လည်း ဝမ်းသာတယ်ဆိုတဲ့ မိုးဟေကို

Posted on

မိုးဟေကို ဟာ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရထားပြီး ဝေဖန်မှုတွေ ကင်းရှင်းတဲ့ မင်းသမီး တယောက်ဖြစ်သလို အမြဲတမ်း စတိုင်လ်ကျကျနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်တဲ့ မင်းသမီး တယောက်လည်း ဖြစ်ပါတယ်။ အမြဲတမ်းလိုလို အလုပ်အပေါ် စေတနာအပြည့်ထားပြီး ပရိသတ်တွေအတွက်လည်း အမြဲတမ်း စဉ်းစားပေးတဲ့မင်းသမီး တယောက်ဖြစ်တာကြောင့်လည်း အောင်မြင်မှုကို ဒီနေ့ထိတိုင် ထိန်းထားနိုင်တယ်ဆိုရင် မမှားပါဘူး။

မိုးဟေကိုရဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတဲ့ ရွာကျော်မိကဲ ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာသေးမီကမှ ရုံတင်ပြသသွားတာ ဖြစ်ပါတယ်။ မိုးက မီဒီယာတွေနဲ့ အင်တာဗျူးမှာ လတ်တလောပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေ ခေတ္တပိတ်ထားရမလားဆိုတာနဲ့ ပတ်သက်ပြီးပြောသွားခဲ့ပါတယ်။ မိုးက “မိုးအရမ်းဝမ်းသာပါတယ်။ ကျန်းမာရေးကိုဂရုစိုက်ရမယ့်အချိန်ဖြစ်တာကြောင့် ပိတ်ပါ။ ပိတ်စရာရှိတယ်ဆိုရင်လည်း မြန်မြန်ဆန်ဆန်ပိတ်ပစ်လိုက်။ ကျန်းမာရေးက အရမ်းအရေးကြီးတယ်။ နံပါတ်တစ်အရေးကြီးဆုံးဆိုတော့လေ အစ်မကတော့ အဲဒါကို ဝမ်းသာတယ်။ပြန်ပြီးတော့ ဖွင့်မယ်ဆိုရင်လည်းဖွင့်မယ့်အချိန်ကျရင် ပြန်ကောင်းတာလေးကိုမျှော်လင့်တယ်။ အဲဒီအချိန်ကျရင် အစ်မတို့ကားလေးတွေ ပြန်ပြရမယ်လို့တော့ထင်တယ်ပေါ့နော်။ ရပ်ရင်ရိုက်လိုက်တဲ့နေရာကနေပြန်စပြမှာဆိုတော့ ပိတ်ရင်လည်း ပွင့်ပွင့်လင်းလင်းပိတ်လိုက်တာပိုကောင်းပါတယ် ။အန္တရာယ်အရမ်းများနေတဲ့အချိန်ဆိုတော့လေ”လို့ ဖြေကြားထားပါတယ်။

ဒီလိုပိတ်လိုက်ရင် အခက်တွေ့မှာတွေနဲ့ ပတ်သက်ပြီးတော့လည်း မိုးက “ဒါကတော့ ရုပ်ရှင်လောကသားတွေမှမဟုတ်ဘူး။ လူတိုင်းလူတိုင်းအခက်တွေ့တယ်။ ကိုယ့်အောက်ကလူတွေလည်းအခက်တွေ့တယ်။ ကိုယ့်အထက်က လူတွေလည်း အခက်တွေ့တယ်။ မိုးတို့လိုအလယ်အလတ်လူတန်းစားတွေလည်းအခက်တွေ့တယ်။ သို့ပေသိ ကျန်းမာရေးနဲ့ အရေးကြုံလာတဲ့အခါကျရင်တော့ ကျန်းမာရေးကိုဦးစားပေးရမယ်။ ခေတ္တခဏဖြစ်တဲ့အချိန်မှာလည်း ခေတ္တခဏတော့ သည်းခံစိတ်တော့မွေးရမှာပဲ။ လူတိုင်းကကြုံတာလေနော်။ အားလုံးတန်းတူ အများနဲ့ဖြစ်တာဆိုတော့လည်း ဘာမှမတတ်နိုင်ဘူးလေ”လို့ ပြောထားပါတယ်။ပရိသတ်ကြီးရော မိုးကို ချစ်ကြလား။ မိုးရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးက နောက်ထပ်ထွက်လာမယ့် ရုပ်ရှင်ကားတွေကိုရော အားပေးကြမှာလား။ မိုးကိုယ်တိုင်ပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်တွေကိုရော ကြည့်ချင်နေကြပြီလား။ပြောခဲ့ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *