နွမ်းပါးသူတို့အတွက် ဆန်အလိုအလျောက်ဝေပေးသော လူမဲ့ ဆန်လှူစက်တစ်ခုကို ဗီယက်နမ်နိုင်ငံတွင် အောင်မြင်စွာ အသုံးပြုနေပြီဖြစ်သည်။စက်မှာ ငွေထုတ်သည့် ATM စက်သဖွယ်ဖြစ်ပြီး Rice ATM ဟု ခေါ်ဝေါ်နေကြသော်လည်း ခလုပ်တစ်ခုနှိပ်လိုက်လျှင် ဆန်များထွက်ကျလာသော စက်သာလျှင်ဖြစ်သည်။ ယင်းဆန်များအတွက် အခကြေးငွေပေးစရာမလိုချေ။
ယင်းစက်ကို ဟိုချီမင်းမြို့တော်၊ တန်ဖူးမြို့နယ်၊ ဗောင်လိုင်းလမ်းတွင် တပ်ဆင်ထားပြီး ဗီယက်နမ်ကုမ္ဗဏီတစ်ခုမှ ဝန်ထမ်းများက ကုမ္ဗဏီရုံးခန်းမှ စောင့်ကြည့်ပေးသည်။ သို့ရာတွင် စက်မှာ ခလုပ်တစ်ခါနှိပ်ပါက ဆန် ၁.၅ ကီလိုဂရမ် အလိုအလျောက်ထွက်ကျလာစေရန်စီစဉ်ပြုလုပ်ထားသည်။ နေ့စဉ် ဆန် ကီလိုဂရမ် ၅၀၀ ကို အခမဲ့ဝေငှပေးလျှက်ရှိသည်။စက်ကို ပြုလုပ်သူမှာ ဟွမ်တွမ်အန်ဆိုသူ ဗီယက်နမ် အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး အိမ်တွင်းရှိ ပစ္စည်းများနှင့်ပင် တည်ဆောက်ထားခြင်းဖြစ်သည်။ မူလကရည်ရွယ်ချက်မှာ အလိုအလျောက်ချက်ပြုတ်သော စားဖိုဆောင်တစ်ခုအတွက် ပြုလုပ်ခြင်းဖြစ်သော်လည်း COVID-19 ကူးစက်ပြန်နှံ့လာသည်တွင် အစိုးရကချမှတ်ထားသော ဝေးဝေးနေကြရန် မူဝါဒနှင့် ကိုက်ညီပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ကာကွယ်ရာတွင် ထိရောက်သဖြင့် ယခုကဲ့သို့ ဆန်လှူရာတွင် တပ်ဆင်အသုံးပြုခဲ့ခြင်းဖြစ်သည်။
”ဒါဟာ ဆင်းရဲနွမ်းပါးသူတွေအတွက် အင်မတန်မှ အဓိပ္ဗါယ်ရှိလှပါတယ်။ အလှူဒါန နည်းနည်းလေးဖြစ်ပေမယ့် ဒီအချိန်မှာ ကြီးမားတဲ့ အထောက်အပံ့ဖြစ်လာပါတယ်”ဟု ဟွမ်တွမ်အန်ကပြောသည်။”ကျွန်တော် အဲဒီအနီးအနားမှာပဲနေပါတယ်။ အင်မတန်ကောင်းမွန်တဲ့ ဆန်လှူခြင်းပြုနေတာကိုတွေ့ရဗတာ့ ကျွန်တော်လဲ ဆန် ကီလို ၁၀၀ လှူလိုက်ပါတယ်”ဟု တန်ဖူးမြို့နယ်တွင်နေထိုင်သူ ငုယင်ငေါ့ဒိမ်ကပြောသည်။ယင်းစက်ဖြင့် လှူဒါန်းသော ဆန်များကို ထုတ်ယူရန်အတွက် မှတ်ပုံတင် အစရှိသော အထောက်အထားများပြသရန်မလိုချေ။ ခလုပ်နှိပ်ပြီး ထွက်ကျလာသော ဆန်ကို အိမ်သို့ပြန်ယူသွားရုံသာဖြစ်ကြောင်းသိရသည်။ – ခလုတ်လေး နှိပ်လိုက်ရင် ပိုက်ထဲက သူ့အလိုလို ဆန် ထွက်ကျလာတယ် – ခလုတ်မနှိပ်ခင် လက်ဆေးဖို့ hand gel ပါ ပေးထားသေးတယ် – တခါ ထွက်ရင် 1.5kg ထွက်တယ် – ၂၄ နာရီ လာယူလို့ရတယ်၊ ရက်အကန့်အသတ်မရှိ ဝေမျှပေးမယ်၊ လူမတိုးစေချင်လို့၊ လူစုလူဝေး မဖြစ်စေချင်လို့ ဒီလို စီစဉ်ရတာ တဲ့ – ဆန်ယူဖို့ လူများနေလို့ တန်းစီရမယ်ဆိုလည်း တယောက်နဲ့ တယောက် (၂)မီတာ ခွာရမယ်၊ တန်းစီသူတွေ မတ်တပ်ရပ်ဖို့အတွက် ကြမ်းပြင်မှာ အကွက်လေးတွေ စနစ်တကျ ရေးဆွဲထားပေးတယ် ဒါဝေးဝေးလံလံ မဟုတ်ဘူးနော်၊ ဗီယက်နမ်မှာ ကျင့်သုံးနေတဲ့ စနစ်ပါ စီမံချက်အနေနဲ့ အသွားအလာ ကန့်သတ်နေချိန်မှာတောင် စနစ်တကျ တန်းမစီနိုင်ဘဲ လူစုလူဝေးလုပ်ပြီး ဆန်ဝေပေးနေရရှာတဲ့ ကျွန်တော်တို့ ဝန်ကြီးချုပ် … ဒီပို့စ်လေး တွေ့စေချင်ပါတယ်။