ဗီယက်နမ်မှာ အိုဘားမားစားခဲ့တဲ့ ခြောက်ဒေါ်လာတန်ညစာ စားပွဲကို မှန်ပုံးထဲမှာ ထည့်သွင်းပြသထား

နောင်လာနောက်သားတွေ ကြည့်ရှုနိုင်ရန် မှန်ပုံးထဲမှာထည့်ပြီး ပြတိုက်သဖွယ် ပြသထားပါတယ်။အမေရိကန်သမ္မတဟောင်း ဘာရတ်အိုဘားမားက ၂၀၁၆ ခုနှစ်မှာ သွားရောက်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်း ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ စားဖိုမှူး အန်သိုနီဘော်ဒိန်းနဲ့အတူ ခြောက်ဒေါ်လာတန် ညစာအတူစားခဲ့တဲ့ စားပွဲကို မှန်ပုံးထဲထည့်ပြီး ပြသထားတယ်လို့ ဆိုပါတယ်။

ဟနွိုင်းမြို့ လမ်းဘေးစာ စားသောက်ဆိုင်ပိုင်ရှင်တွေက အိုဘားမား ညစားစာခဲ့တဲ့ စားပွဲနဲ့အတူ ထိုင်ခုံနှစ်လုံး၊ ဘီယာပုလင်းခွံများ၊ ထိုစဉ်က စားသောက်ခဲ့ရာမှာ ရှိနေခဲ့တဲ့ ပန်းကန်ခွက်ယောက် အားလုံးကို နောင်လာနောက်သားတွေ ကြည့်ရှုနိုင်ရန် မှန်ပုံးထဲမှာထည့်ပြီး ပြတိုက်သဖွယ် ပြသထားတာ ဖြစ်ပါတယ်။

အိုဘားမား ညစာစားခဲ့တဲ့ လမ်းဘေးစားသောက်ဆိုင်မှာ လာရောက်စားသုံးကြတဲ့ ဖောက်သည်တွေက ထိုသို့ ပြသထားရန် အကြံပေးခဲ့တယ်လို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။စားသောက်ဆိုင်ကို လာရောက်စားသုံးကြသူတွေက အိုဘားမား မည်သည့်နေရာမှာ ညစာစားသွားခဲ့ကြောင်းနဲ့ မည်သည့် စားသောက်ဖွယ်ရာများ စားသောက်ခဲ့ကြောင်းကို မြင်တွေ့ချင်၊ သိချင်ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ စားသောက်ဆိုင်မှာ လာရောက်စားသောက်ကြသူတွေက ပြတိုက်သဖွယ် ပြသထားမှုကို သဘောကျကြပြီး အများအပြားက မှန်ပုံးအတွင်း ထည့်သွင်းပြသားထားတဲ့ စားပွဲဝိုင်းနဲ့အတူ ဓာတ်ပုံရိုက်လေ့ရှိတယ်လို့ သိရပါတယ်။”ကျွန်မတို့အတွက် ဒါက အမြဲတမ်း အမြတ်တနိုး ဖြစ်နေမယ့် ကောင်းမွန်တဲ့ အမှတ်တရတစ်ခုပါပဲ၊ ဒီလိုလုပ်ထားတာက ဆိုင်ကို လူတွေပိုလာအောင်လည်း မဟုတ်ပါဘူး၊ ကျွန်မတို့ စားသုံးသူဖောက်သည်တွေ ပိုရလာမယ်လို့လည်း မထင်ပါဘူး” လို့ Bun Cha Huong Lien စားသောက်ဆိုင် ပူးတွဲပိုင်ဆိုင်သူ အမျိုးသမီး ငုယင်သီဟန်နက ပြောပါတယ်။

အိုဘားမား ညစာစားခဲ့တဲ့ စားပွဲနဲ့ ပစ္စည်းပစ္စတွေကို မှန်ပုံးထဲထည့်ပြီး ပြသထားမှုအား ဖေဖေါ်ဝါရီလလယ်မှာ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ပြသခဲ့ပြီးနောက်ပိုင်း စားသုံးသူလာရောက်မှု အပြောင်းအလဲမရှိခဲ့ဘူးလို့ ၎င်းက ရှင်းပြပါတယ်။မှန်ပုံးထဲမှာ ထည့်သွင်းပြသထားတဲ့ ပန်းကန်များ၊ ဇလုံများနဲ့ ဘီယာပုလင်းခွံတွေဟာ ဆေးကြောသန့်စင်ထားပြီး ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။ဟိုချီမင်းကဲ့သို့ ဗီယက်နမ်ခေါင်းဆောင်တွေက ၎င်းတို့ရဲ့ အစားအစာကို ရိုးရှင်းစွာဖြင့် လမ်းဘေးဆိုင်မှာလည်း စားသောက်ခဲ့မှုကို ဂုဏ်ပြုတဲ့အနေဖြင့် အိုဘားမားကလည်း လမ်းဘေးဆိုင်မှာ စားသောက်ခဲ့တာ ဖြစ်ပါတယ်။

ဟိုချီမင်းကဲ့သို့ ဗီယက်နမ်ခေါင်းဆောင်တွေရဲ့ စားသောက်မှုပုံစံကို နိုင်ငံခြားခေါင်းဆောင်တစ်ဦးက ထိုသို့ အမှတ်တရ ဂုဏ်ပြုခြင်းဟာ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ဟနွိုင်းမြို့ လမ်းဘေးစားသောက်ဆိုင်မှာ ညစာစားခဲ့တဲ့ စားပွဲအား မှန်ပုံးဖြင့် အမှတ်တရ ထည့်သွင်းပြသထားတဲ့ ဓာတ်ပုံကို စာဖိုမှူးအန်သိုနီက အင်စတာဂရမ်မှာ လွှင့်တင်ခဲ့ရာ Like လုပ်သူ ၁၂၀,၀၀၀ ကျော်နဲ့ comment ရေးသားမှု ထောင်နဲ့ချီရှိခဲ့ကြောင်းလည်း သိရပါတယ်။

[email protected]

Leave a Reply

Your email address will not be published. Required fields are marked *