“ဘက်စုံတော်လွန်းတဲ့ ခင်ပွန်းဖြစ်သူ ပြေတီဦးကြောင့် ဝမ်းသာပီတိဖြစ်ကာ ဂုဏ်ယူမဆုံးဖြစ်နေတဲ့ အူဝဲ”

Posted on

နာမည်ကြီး ဆယ်လီအိမ်ထောင်ရှင် စုံတွဲဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေနဲ့အတူတူ တည်ဆောက်ထားတဲ့ ပြေတီဦးနဲ့ အူဝဲတို့ရဲ့ အိမ်ထောင်ရေးလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အိမ်ထောင်ရေးပုံစံလေးလို့ ပြောရင်မှားမယ် မထင်ပါဘူး..။ ပြေတီဦးနဲ့ အူဝဲတို့ကတော့ ချစ်စရာကောင်းလွန်းတဲ သားနဲ့ သမီးလေးတွေကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတွေပဲဖြစ်ပါတယ်။

ရိုက်ကူးရေးတွေ အပြည့်နဲ့ ရိုက်ကူးနေကြတဲ့ အူဝဲနဲ့ ပြေတီဦးတို့ လင်မယားကတော့ တွေ့တဲ့အချိန်တိုင်းမှာ ပျော်ရွှင်စရာကောင်းအောင် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်စနောက်ကာ နေတတ်တဲ့သူတွေပါပဲနော်။

မတ်လ (၂၂)ရက်နေ့မှာ အူဝဲက ဂေါက်ရိုက်ကျွမ်းကျင်မှုမှာ ခင်ပွန်းဖြစ်သူ ပြေတီဦးရဲ့ ရရှိခဲ့တဲ့ ဆုပုံလေးနဲ့အတူ ဂုဏ်ယူမဆုံး ဖြစ်နေတဲ့ အကြောင်းလေးကို သူမရဲ့ မိုင်ဒေးလေးမှာ တင်လာခဲ့ပါတယ်..။အူဝဲကတော့ ခင်ပွန်းဖြစ်သူ ပြေတီဦးတစ်ယောက် Hole In One ရရှိခဲ့တာကြောင့် ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ပုံပါပဲနော်

Leave a Reply

Your email address will not be published. Required fields are marked *