ဘက်စုံတော်တဲ့ သူငယ်ချင်းနေတိုးကို အမြဲလေးစားဂုဏ်ယူနေပါတယ်ဆိုတဲ့ ဟဲလေး

Posted on

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့ မင်းသားချောနေတိုးကတော့ ဘက် စုံထူးချွန်သူတစ်ယောက်ဆိုတာ ပရိသတ်ကြီးလည်း သိရှိပြီးဖြစ်မှာပါ။ သရုပ်ဆောင်၊ ဂီတ၊ မိတ် ကပ် ပိုင်း စတဲ့အနုပညာနယ်ပယ်တွေမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်း တစ်နေ့ထက်တစ်နေ့ တိုးတက် လာအောင် ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ နေတိုးက ဟိုးအရင်ကတည်းက ဘက်စုံထူးချွန်သူတစ်ယောက်ဖြစ်ကြောင်းကို ပရိ သတ်ရဲ့အချစ်တော်ဟဲလေးက မျှဝေခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ နိုင်လင်းအောင်နဲ့ နေလင်း အောင် နာမည်ချင်းလည်း ဆင်ကြသလို လွန်ခဲ့တဲ့နှစ်(၂၀) ကျော် မအောင် မြင်ခင် ဘဝတွေက တည်း က ရေစက်ဆုံခဲ့ကြသူတွေပါ။ (၁၉၉၉)ခုနှစ် ဆရာဦးစောနုရဲ့ အဆိုသင်တန်းမှာ Section တစ်ခုတည်း အတူတူတက်ခဲ့ကြသူတွေဖြစ်ပြီး တစ်နှစ်တည်း မွေးကြသူတွေပါတဲ့။

နေတိုးကတော့ ဟဲလေးထက် (၂)လပိုငယ်ပေမယ့် အနုပညာနဲ့ပတ်သက်ရင် ဘက်စုံထူး ချွန်တာကြောင့် ဟဲလေးကတော့ နေတိုးအတွက် အမြဲဂုဏ်ယူ လေးစားလျက်ရှိကြောင်း နှစ်ယောက်တွဲပုံလေးနဲ့အတူ မျှဝေခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်(၂၀) ကျော်တုန်းက သင်တန်း တစ်ခုတည်း အတူတက်ဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက် အချိန်တွေအများကြီးကြာပြီး အခုတစ် ခေါက် ပြန်တွေ့ဖြစ်ခဲ့ကြတဲ့အခါမှာတော့ ဟဲလေးက အမှတ်တရတချို့ကို ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *