ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာ့တပ်မတော်က ဘန်ကာနဲ့ ခြံစည်းရိုးတွေ တည်ဆောက်နေတယ်လို့ ဆို

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နားက တမ်ဘရူဒေသနားမှာ မြန်မာ့တပ်မတော်က နယ်စပ်ခြံစည်းရိုးကာရန်တာတွေနဲ့ ဘန်ကာ တည်ဆောက်တာတွေ ပြုလုပ်နေတယ်လို့ ဒါကာအခြေစိုက် သတင်းစာတစ်စောင်ဖြစ်တဲ့ Dhaka Tribune မှာရေးသားထားပါတယ်။

မြန်မာ့တပ်မတော်က နိုင်ငံတကာကျင့်ဝတ်တွေကို လိုက်နာစောင့်ထိမ်းခြင်းမရှိဘဲ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ ဒေသနားမှာ ဘန်ကာတွေတည်ဆောက်နေတယ်လို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ မြန်မာတပ်မတော်အနေနဲ့ အဆိုပါနယ်စပ်မှာ စစ်အင်အားဖြည့်တင်းတာတွေနဲ့ နယ်စပ်စည်းရိုးကာရန်တာတွေကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တွေ့စဉ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက်ပိုင်းကလည်း မြန်မာတပ်ဖွဲ့တွေက နှစ်နိုင်ငံနယ်စပ်စည်းမျည်းရဲ့ ကိုက် ၁၀၀ အကွာအဝေးမှာ လုံခြုံရေးရယူနေတာကို တွေ့ခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းနယ်စပ်မျည်းနားမှာ ဖွင့်လှစ်ထားတဲ့ မူလတန်းကျောင်းတစ်ခုက ကျောင်းဆရာ မိုဟာမက် မာဟီက Dhaka Tribune သတင်းစာကို ပြောခဲ့ပါတယ်။

၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်၊ မောင်တောဒေသကလုံခြုံရေးရဲတပ်ဖွဲ့စခန်း အခု ၃၀ ကို ARSA အဖွဲ့က တပြိုင်နက်တည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ARSA အဖွဲ့ကို အစိုးရကအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တွေ့စဉ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်ရဲကင်းစခန်းတွေကို ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီး အဆိုပါအကြမ်းဖက်တပ်ဖွဲ့ဝင်တွေကို အပြီးအပိုင်ရှင်းလင်းသွားမယ်လို့ အမှတ်(၁) နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောထားဘူးပါတယ်။

ARSA အစွန်းရောက်အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သြဂုတ်လ ၂၅ ရက်ကနေ ၃၁ ရက်အထိ ထိတွေ့တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦး အသက်စွန့်လွှတ်ခဲ့ရကာ တပ်မတော်မှ စစ်သည် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သည် ၁ ဦး ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

Source : Dhaka Tribune

Duwun

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *