ဘယ်သရုပ်ဆောင်ကိုမှသူမကိုယ်တိုင်ဖုန်းဆက်ပြီး ကြော်ငြာရိုက်ဖို့ မကမ်းလှမ်းခဲ့ဖူးဘူးဆိုပြီး ပြောပြလာတဲ့ဖြူ ဖြူထွေး

Posted on

ဖြူဖြူထွေးလို့ဆိုလိုက်တာနဲ့ သရုပ်ဆောင်ကောင်းပြီး ကိုယ်ပိုင်အရည်အချင်းတွေကြောင့် အချိန် တိုအတွင်း အောင်မြင်မှုတွေရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင် မင်းသမီး ချောလေး ကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ဖြူစင်ပြီး သဒ္ဓါတရားထက် သန် တဲ့ စိတ်ထားစေတနာကောင်းတွေကြောင့်လည်းယောကျ်ားလေးပရိသတ်တွေသာမကမိန်းက လေး ပရိသတ်တွေကပါ အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်

ဖြူဖြူထွေးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီး ကြော်ငြာ တွေ ကိုလည်း ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးနေတာမို့ ဒါရိုက်တာလုပ်ရတဲ့ အတွေ့အကြုံ လေးတွေကိုလည်း ဖြူဖြူထွေးက ပြောပြလာပါတယ်နော်

 

ကိုယ်တိုင် ဇာတ်ညွှန်းရေး ကိုယ်တိုင်ဒါရိုက်တာလုပ်ပေမယ့် သရုပ်ဆောင်ကြီးတွေကိုတော့ သူမ ကို ယု်တိုင်ဖုန်းဆက်ပြီး ကြော်ငြာရိုက်ဖို့ မကမ်းလှမ်းဖူးတဲ့အကြောင်းလေးနဲ့ တစ်ခါတစ်လေ အ ထင် လွဲစရာလေးတွေ ဖြစ်တတ်တဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်နော်

“သရုပ်ဆောင်အကြီးတွေကတော့ သမီးကိုယ်တိုင် တစ်ခါမှ ဖုန်းမဆက်ဖူးဘူး ဘယ်သူ့ကိုမှ သမီး အစ်မပဲ အကုန်လုံးဆက်ပြီး မေးတာ သမီးက ဇာတ်ညွှန်းရေးတယ် ကိုယ်လိုချင်တဲ့ ဇာတ် ကွက်ပဲ ရေးတယ် သရုပ်ဆောင်တွေ တော်တော်များများကတော့ သမီးကိုယ်တိုင်ဖုန်းမဆက်ဖြစ်ဘူးဓာတ် ပုံ ပဲကြည့်ပြီးတော့ ဒီလိုခေါ်ပေးပါဆိုပြီး ပြောတာ ကျန်တာတွေကတော့ သမီးအပိုင်းမဟုတ်တော့ သမီးလည်း မသိဘူး ဘယ်သရုပ်ဆောင်ကိုမှ ဖုန်းမဆက်ဖူးဘူး

Leave a Reply

Your email address will not be published. Required fields are marked *