တစ်ခေတ်တစ်ခါကတည်းက လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေနဲ့ ပရိသတ်အသည်းကို ဖမ်းစားခဲ့သူ မင်းသားကြီး ဦးကျော်သူကတော့ အခုအချိန်မှာ ပရဟိမင်းသားကြီးအဖြစ် ပရိသတ်တွေအချစ်ပိုနေရသူပါ။ နာရေးကူညီမှုအသင်းကြီးကိုတည်ထောင်ထားတဲ့အပြင် အခမဲ့ဆေးပေးခန်းတွေနဲ့ အခြားသောပရဟိတလုပ်ငန်းတွေကိုပါ အင်တိုက်အားတိုက် ဆောင် ရွက်နေသူပါ။
ဒီနေ့မှာတော့ ဦးကျော်သူက ငယ်ဘဝကပုံရိပ်လေးတွေနဲ့အတူ အခုချိန်မှသိခဲ့ရတဲ့ ပရဟိတ ရဲ့ အနှစ်သာရကို ငယ်ငယ်ကတည်းက မလုပ်ခဲ့ရတဲ့အတွက် ကြီးစွာနောင်တရ မိကြောင်း ပြောပြခဲ့ပါတယ်။ “မိုက် တယ်ကွာ… ဂေါ် တယ်ကွာ… ဟော့ တယ်ကွာ…လန်း တယ်ကွာ… လို့ ပြောနေမယ့်အစား ငါ အဲဒီအရွယ်မှာ လူမှုကောင်းကျိုး ဘာတွေများလုပ် ခဲ့လဲ? လက်ရှိ အချိန်မှာကော အများကောင်းကျိုးတွေလုပ်နေသလား?ဒါကို ပြန်ပြီး သုံး သပ်ပါ။ငယ်ဘဝ ဆိုတာပြန်မရနိုင်ဘူး။ ငယ်ဘဝ ကထဲက စိတ်မလေဘဲ
လူမှုကောင်း ကျိုးတွေကို နိုင်သလောက်လုပ်ပေးခဲ့ရင် ကြီးဘဝမှာငြိမ်းချမ်းမှာ အသေအ ချာပဲ… ငယ်ဘဝ မှာ “လူငယ်” ဆိုတဲ့ ပညတ်ကိုခုတုံးလုပ်ပြီး ကဲချင်သလိုကဲ၊ဆိုး ချင်သလို ဆိုး၊မိုက်ချင်သလိုမိုက်ခဲ့ကြရင်တော့ ကြီးလာတဲ့အချိန်ရောက်ရင် ကောင်းမှုတွေ ကိုပြန်အ ဖတ်ဆယ်ရတာ မောပါ့ကွာ… မောပါ့။ဒါဟာ….ငါ ပြန်မရနိုင်တော့တဲ့ငါ့ဘဝနဲ့ရင်းပြီး ခံစားခဲ့ရ တဲ့ဖြစ်ရပ်ဟောင်းတွေ၊ လုပ်ရ ပ်ဟောင်းတွေရဲ့ပြစ်ချက်၊ဆိုးချက်တွေပါ။ဒါကို အထူး တိကျ သေချာ လေးနက်စွာသင်ခန်း စာယူကြပါ လူငယ်အပေါင်းတို့” ဆိုပြီးရေးသားမျှ ဝေခဲ့ပါတယ်။
မင်းသားကြီး ဦးကျော်သူကတော့ ငယ်ဘဝနုပျိုစဉ်ကာလကတည်းက လူငယ်ဘဝအပျော်အ ပါး၊ စကားလုံးအတုအယောင်တွေအပေါ်မှာပဲ အချိန်မကုန်စေပဲ အများကောင်းကျိုးကို လုပ်ကြဖို့တိုက်တွန်းထားတာပါ။ သူကိုယ်တိုင်လည်း ငယ်ဘဝက ပုံရိပ်တွေကို ပြန်လည် မြင်ယောင်ရင်း အဲ့ဒီအချိန်တွေကို နှမြောမိတာကြောင့် သူ့ကို သင်ခန်းစာယူကြဖို့ လူငယ် တွေအလေးအနက်ထားပြီး ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။