Instagram ဆိုတာ ကျွန်တော်တို့လို သာမန်လူတွေအတွက်ကတော့ သူများဓာတ်ပုံလေးတွေကိုကြည့်ဖို့သုံးတဲ့ သာမန် လူမှုကွန်ယက်တစ်ခုဖြစ်ပမေယယ့်လို့ influencer တွေ၊ blogger တွေ၊ Instagram model တွေနဲ့ နာမည်ကျော် ပုဂ္ဂိုလ်တွေအတွက်တော့ သူတို့ရဲ့အောင်မြင်မှုကို ပြသတဲ့နေရာ၊ စီးပွားရှာတဲ့နေရာအဖြစ် အသုံးပြုနေကြပါတယ်။
အဲဒီလူတွေအထဲကမှ Instagram model မလေးအကြောင်းကို The Sun မှ ကိုးကားဖော်ပြပေးချင်ပါတယ်။ သူမနာမည်ကတော့ Ruby Wong ပါတဲ့။ အသက် ၂၄ နှစ်ရှိနေပါပြီ။ Liverpool အနီးမှာရှိတဲ့ Fazakerley မှာမွေးဖွားခဲ့ပြီး လက်ရှိမှာတော့ JD Sports, Boohoo တို့လို အင်္ကျီ brand တော်တော်များများရဲ့ Instagram model အဖြစ် လုပ်ကိုင်နေပြီး ဒူဘိုင်းနဲ့မိုင်ယာမီတို့က လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေကလည်း သူမကို ကြော်ငြာတွေအပ်လေ့ရှိပါတယ်။
Instagram model ဖြစ်ဖို့ဆိုတာ ရုပ်ရည်တစ်ခုတည်းတင်မရပါဘူး။ Follower တွေများရမယ်၊ လူတွေကို လွှမ်းမိုးနိုင်ရမယ်၊ လူစိတ်ဝင်စားစေမယ့် ဓာတ်ပုံနဲ့ဗီဒီယိုတွေကို ရိုက်ကူးတတ်ပြီး ကြော်ငြာနိုင်ရပါမယ်။ Ruby Wong ကတော့ဒီအချက်တွေနဲ့ ပြည့်စုံနေပုံပါပဲ။ လက်ရှိမှာတော့ Instagram မှာ model လုပ်ရင်းနဲ့ပဲ ဘဝကို ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းနေပါတယ်တဲ့။
ဒါပေမဲ့ သူမဟာ အတိတ်တုန်းက ဘာဂါဆိုင်တစ်ဆိုင်မှာ ဝန်ထမ်းလုပ်ရင်း ဘဝကို ရုန်းကန်ခဲ့ရတဲ့ သာမန်မိန်းကလေးတစ်ယောက်ပါ။ ဘာဂါဆိုင်တောင်မှ ကားနဲ့လိုက်ပတ်ရောင်းတဲ့ ဆိုင်သေးသေးလေးမှာ ဝန်ထမ်းအဖြစ် အောက်ခြေသိမ်းလုပ်ခဲ့ရတာပါ။ ဒါပေမဲ့ စားဝတ်နေရေးအတွက် မလောက်ငှတဲ့အခါမှာတော့ Ruby Wong ဟာ နောက်ထပ် အချိန်ပိုင်း အလုပ်နှစ်ခုထပ်ရှာပြီး စုစုပေါင်း အလုပ်သုံးခုကို မနားမနေပြိုင်တူလုပ်ရင်း နေလာခဲ့ပါတယ်။
Ruby Wong ဟာ သူမရဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် အသိတွေကရော မိသားစုကပါ မောဒယ်လုပ်ဖို့ တိုက်တွန်းနေခဲ့ပေမယ့် အဆက်အသွယ်မရှိတာရယ် ဘယ်လိုစလုပ်ရမယ်မှန်းမသိဘဲ မရဲတာရယ်ကြေင့် မလုပ်ဖြစ်ခဲ့တာပါ။ တစ်ရက်တော့ သူမရဲ့သူငယ်ချင်းဖြစ်သူက သူမကို ကူညီပေးဖို့ပြောခဲ့တယ်။ ရေကူးဝတ်စုံထုတ်မှာမလို့ မော်ဒယ်လုပ်ပေးပါတဲ့လေ။ ကိုယ်တိုင်ကလည်း မော်ဒယ်ပိုးပါနေတဲ့အတွက်ကြောင့် သူငယ်ချင်းကို ကူညီပေးလိုက်ခဲ့ပါတယ်။
နောက် ဓာတ်ပုံတချို့ကိုလည်း သူမရဲ့ Instagram မှာ အမှတ်တရအနေနဲ့ တင်လိုက်ခဲ့ပါတယ်တဲ့။ မထင်မှတ်ထားဘဲ အဲဒီဓာတ်ပုံတွေကို မော်ဒယ်အေဂျင်စီတစ်ခုက တွေ့သွားခဲ့ပါတော့တယ်။ အေဂျင်စီက စိတ်ဝင်စားပြီး သူမကိုဆက်သွယ်လာခဲ့ရာမှ အေဂျင်စီနဲ့ အတွေ့အကြုံရအောင် စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ သူမဟာသူမ အလွတ်တမ်းမော်ဒယ်အဖြစ် ရပ်တည်နေခဲ့ပါပြီ။
Ruby Wong ကတော့ သူမအနေနဲ့ မော်ဒယ်အလုပ်ကို အစောကြီးကတည်းက လုပ်လာခဲ့ရမှာတဲ့။ ဘဝမှာ အပြောင်းအလဲလုပ်ဖို့ကြောက်နေတဲ့အတွက် အောက်ခြေသိမ်းအလုပ်သုံးခုလောက်ကို သိမ်းကျုံးလုပ်ခဲ့ရတဲ့အချိန်တွေကို နှမြောနေပါတယ်ဆိုပြီး ပြောလာခဲ့ပါတယ်။