ဘာစီလိုနာမှာကစားရတာ ငရဲကျနေသလိုပါပဲလို့ စိတ်မကောင်းစွာဖွင့်ဟခဲ့တဲ့ ကစားသမား

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူဖြစ်တဲ့ အန်ဒရီဂိုမက်ဇ်ဟာ လက်ရှိအချိန်မှာ သူ့အနေနဲ့ ဘာစီလိုနာ ကစားရတာဟာ အခက်အခဲတွေ၊ ဖိအားတွေများစွာ ရင်ဆိုင်နေရပြီး ငရဲကျသည့်ပမာ ခံစားနေရတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ အန်ဒရီဂိုမက်ဇ်ဟာ ၂၀၁၆တုန်းက ဗလင်စီယာကနေ ယူရို၃၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ဘာစီလိုနာ ကစားပုံနဲ့ အံမ၀င်ခဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။

ဒါ့ပြင် အသင်းဖော်တွေကလဲ သူ့ကိုထည့်သွင်းအသုံးမပြုဖို့ နည်းပြထံ တောင်းဆိုမှုတွေ ရှိခဲ့တဲ့အထိ သူ့ရဲ့ဘာစီလိုနာ ကစားသမားဘ၀ဟာ ဆိုးရွားခဲ့တာပါ။ ဂိုမက်ဇ်ကတော့ “ဘာစီလိုနာမှာ ကစားဖို့ဆိုတာ ကျွန်တော့ရဲ့ အိမ်မက်ပါ။ တကယ်တမ်းမှာလဲ ဒီအိမ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာကို စရောက်ပြီး ၆လလောက်ထိ ကျွန်တော် အဆင်ပြေခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ အသင်းကစားပုံနဲ့ အံမ၀င်ခဲ့ပဲ ဖိအားတွေ ခံစားလာရပါတယ်။ ပွဲထွက်ခွင့် ရတဲ့အခါတွေမှာလဲ ဒီဖိအားတွေကို ကျွန်တော် မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ကျွန်တော့အနေနဲ့ ဘာစီလိုနာမှာ အခက်အခဲတွေ၊ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ငရဲကျသလို ခံစားခဲ့ရပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

တကယ်တမ်းမှာလဲ အန်ဒရီဂိုမက်ဇ်ဟာ ကစားသမားကောင်း ဖြစ်ပေမယ့်လဲ ဘာစီလိုနာ ကစားပုံနဲ့ ဘယ်လိုမှ အံမ၀င်ခဲ့ဘူးဆိုတာ ဘာစီလိုနာ ပရိသတ်တွေ အသိဆုံးပါပဲ။ ယခုနှစ်ရာသီမှာ သူဟာ ဘာစီလိုနာအတွက် စုစုပေါင်း ၂၅ပွဲကစားခဲ့ရပြီး အဆိုပါ၂၅ပွဲမှာ ၁၅ပွဲက လူစားဝင် ကစားခဲ့ရတာ ဖြစ်ပါတယ်။

#ထက်အောင်

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *