ဘာမိတ်ကပ်မှလိမ်းခြယ်ထားခြင်းမရှိဘဲ အိမ်နေရင်းပုံစံလေးနဲ့ သဘာဝအတိုင်းလေးလှနေတဲ့ စိုးပြည့်သဇင်

Posted on

မင်းသမီးချောလေးအကယ်ဒမီစိုးပြည့်သဇင်ကတော့ ပရိသတ်အများအပြားရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတာဖြစ်ပါတယ်။စိုးပြည့်လေးရဲ့ အနုပညာအရည်အသွေးတွေကလည်း ပြည့်ဝပြီး သူမကလည်းကြိုးစားတာကြောင့် ပရိသတ်တွေအားပေးရကျိုးနပ်ပါတယ်နော်။

စိုးပြည့်လေးကတော့ ချစ်မကြီးတွေလိုပဲ အနုပညာလောကမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတာပါ။လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ စိုးပြည့်လေးက မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်လိမ္မာလို့ လျှောက်လှမ်းသမျှလမ်းတိုင်းဟာအောင်မြင်နေတာဖြစ်ပါတယ်။

စိုးပြည့်ကလည်း သဘောမနောကောင်းပြီး စိတ်ထားလေးကဖြူစင်နူးညံ့သူလေးဖြစ်လို့ လူချစ်လူခင်ကပေါများပါတယ်နော်။စိုးပြည့်သဇင်ရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကိုလည်း ပရိသတ်တွေကအားပေးဝန်းရံနေကြတာပါ။လတ်တလောမှာဆိုရင်တော့ စိုးပြည့်လည်း ဖေဖေ၊မေမေတို့နဲ့အတူ အိမ်ထဲမှာပဲနေထိုင်ပြီး သြင်္ကန်ကာလကို ဖြတ်သန်းနေတာဖြစ်ပါတယ်။စိုးပြည့်လေးကတော့ သူမရဲ့အိမ်နေရင်းပုံစံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးနေတာဖြစ်ပြီး အခုဆိုရင်လည်း နှစ်သစ်မှာ သဘာဝအလှလေးနဲ့ ကြည်လင်အေးချမ်းနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *