ဘာသာစုံ ဂုဏ်ထူးနဲ့ ရခိုင်တစ်ပြည်နယ်လုံး ပထမဆုရှင်

Posted on

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း သိပ္ပံ ဘာသာရပ်တွဲ မှာ ရခိုင်ပြည်နယ် တစ်ခုလုံး အမှတ်အများဆုံး ဆုကိုတော့ စစ်တွေ အ-ထ-က (၂) က မခိုင်ဆွေဇင်သင်း က ရရှိသွားပါတယ်။ ဘာသာစုံ ဂုဏ်ထူးနဲ့ ရမှတ် စုစုပေါင်း ၅၂၅ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။

သူဟာ ငယ်စဉ်ကတည်းက သင်္ချာထူးချွန်ဆု အပါအဝင် အတန်း အဆင့်ဆင့် ဆုတွေရဖူးသူဖြစ်ပါတယ်။ မိဘတွေ ကျေးဇူးကို အခုလို အောင်မြင်မှုနဲ့ ပြန်ဆပ်နိုင်လို့ ဝမ်းသာတယ်လို့ မခိုင်ဆွေဇင်သင်း က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *