ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးယုစံကတော့ အနုပညာအလုပ်တွေကိုပြန် လည်လုပ် ဆောင်နေတာဖြစ်ပြီး သူမကိုချစ်ကြတဲ့ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးဝန်းရံကြ ပါတယ်နော်။မိုးယုက လတ်တလောမှာဆိုရင် ကြော်ငြာတွေအများအပြားရိုက်ကူးနေပြီး ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်နေတာဖြစ်ပါတယ်။
မိုးယုက အနုပညာအလုပ်တွေလုပ်ဆောင်နေပေမယ့်လည်း မိသားစုအတွက်လည်း မလစ် ဟင်းအောင် အစစအရာရာဂရုစိုက်ပေးနေတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ပါ နော် ။မိုးယု ရဲ့တစ်ဦးတည်းသောသားလေး Austinလေးကလည်း အမေတူလေးဖြစ်လို့ ချစ်မွှေး လေး ပါပြီး အမြဲတမ်းပြုံးရွှင်နေတတ်လို့ လူချစ်လူခင်ပေါများတဲ့ ကလေးလေးဖြစ်ပါတယ်။
မိုးယုကတော့ သားလေးမွေးစကတည်းက လိုလေသေးမရှိအောင်ဂရုစိုက်ပေးပြီး သားလေး (၂)နှစ်ကျော်အရွယ်ထိ ဘေးမှာနေကာ သေချာသင်ကြားပြသပေးနေ တာပါနော်။ အခုဆို ရင် တော့ Austinလေးကလည်းကျောင်းတက်နေတဲ့ အရွယ်ကကိုရောက်ရှိနေပါပြီနော်။
မေမေမိုးယုကတော့ အိမ်ထောင်ကျသွားပြီးတာတောင် လှပနုပျိုနေပြီး အပျိုတုန်းကလိုမျိုး အလှအပတွေက နည်းနည်းလေးမှမလျော့သွားဘဲ တစ်သားမွေးတစ်သွေးလှဆိုသလို လှသွေးကြွယ်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ မိုးယုက”မင်္ဂလာထပ်ဆောင်မယ်နော်”ဆိုပြီး ပန်းစည်းလေးကိုကိုင်ထားပြီး အိုင်တင်မျိုးစုံနဲ့ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။