မင်္ဂလာပွဲပျက်ခဲ့ခြင်းရဲ့ နောက်ကွယ်က အဆိုတော် ၀န ရဲ့စိတ်မကောင်းစရာဖြစ်ရပ် ဖေ့ဘွတ်မှာ ပျံ့နှံ့နေ

ဝန တို့ ချစ်သူနှစ်ဦးအကြောင်းကို အတွင်းသိတစ်ယောက်က ခုလို Post တင်ထားပါတယ်…

“သမိုင်းမုဒိတာအိမ်ယာမှာနေတော့လဲကိုဝန က အိမ်ထဲက အိမ်အပြင်တောင်ထွက်လည်တတ်တဲ့လူစားမျိုး မဟုတ်ဘူး

သူ့သက်ဆိုင်သူကချစ်တယ် ဆိုတဲ့စကားလုံးလှလှလေးနဲ့ စိတ်မချလို့ပါဆိုပြီး အပြင်သွားရင်ကိုဝန ကို အခန်းထဲသော့ခတ်ပြီးထားခဲ့တာမျိုးတွေလူတွေမသိကြသေးဘူး

လင်မယားအရာမရောက်သေးပေမဲ့ အိမ်ပေါ်တက်နေတဲ့ သူ့သက်ဆိုင်သူကို ဇနီးလိုသဘောထားရသမျှပိုက်ဆံအကုန်အပ်ပြီး ပိုက်ဆံလိုရင်လက်ဖြန့်တောင်းသုံးရတဲ့ လက်ဝေခံ အဆိုတော်ကြီးအဖြစ်သူ့ရဲ့လူမသိသူမသိဘဝမှာ အချစ်တစ်ခုထဲနဲ့နုတ်ခမ်းနီမလေးတွေဝိုင်းနေလဲ သူ့အချစ်နဲ့သူမလဲခဲ့ဘူး

၁၀ ဖို့ ၁ ဖို့စာလောက် ရှာလို့ရသမျှငွေလေးတွေထဲကသူအဆိုတော်ဖြစ်အောင် ရုန်းကန်ပေးခဲ့တဲ့ သူချစ်တဲ့အမေ နဲ့ သူ့မိသားစုကို တစ်လ ၁၀ သိန်းလောက်ပဲပေးရပေမဲ့ သူနောင်တမရနိုင်ခဲ့ဘူး

အချစ်က သူ့ကို ကန်းစေခဲ့တယ်

ရှိုးပွဲဆိုသမျှ ပိုက်ဆံရသမျှ သက်ဆိုင်သူကအကုန်သိမ်းဆည်းပြီး စီမံနေတာကို သူ့ကိုချစ်တာပဲလို့သူလက်ခံခဲ့တယ် မတရားသဖြင့် နိုင့်ထက်စီးနင်းပြောရင်လဲ သူ့သက်ဆိုင်သူ ဘွဲ့ရပညာတတ်မကြီးရဲ့အပြောကို ပညာရေးတစ်ပိုင်းတစ်စနဲ့ ပြည်သူချစ်အဆိုတော်ကြီး လူမသိသူမသိ ငြိမ်ခံနေခဲ့ရတာတွေသူ့ပါးစပ်ကထုတ်မပြောခဲ့ဘူးတဲ့

ကြားရတော့စိတ်တောင်မကောင်းဘူးမင်္ဂလာဆောင်ဖို့ ၂ ရက်အလိုလောက်ကသတို့သမီးအလောင်းအလျာက မျက်နှာပေါင်းတင်ဖို့ဆိုပြီး ခေါက်ဆွဲတစ်ထုတ်ပြုတ်ပေးပြီး အခန်းထဲသော့ခတ်ထားခဲ့ရတာကိုခံခဲ့ရတဲ့သူ သူ့အဖြစ်ကိုလူသနားအောင်ငိုမပြတတ်ခဲ့ဘူး

ကိုယ်တွေကိုအဲ့လိုလာလုပ်ရင်ကျိန်းသေတယ်ကိုယ်တွေတော့ ခင်ဗျားလိုသီးခံနိုင်မှာမဟုတ်ဘူးကိုဝနရေ

အဲ့ညက သူအိမ်ပြန်လာတော့ကိုယ့်ရှေ့မှောက်မှာ အမေကိုရစရာမရှိအောင်ပြောမိသားစုကိုစော်ကားနေတော့ ၊ လူပဲ ဘယ်သူနေနေစိတ်ရှိတယ် ခင်ဗျားအနေနဲ့လဲစိတ်တိုမှာပဲလေ

တော်တော့ မင်းဆက်မပြောနဲ့တော့ဆိုပြီးကက်ကက်လန်ရန်တွေ့နေတဲ့ သက်ဆိုင်သူကိုတွန်းအဖယ် ထိမိတဲ့ action က နာကျင်စေလို့တဲ့ခင်ဗျားကတောင်းပန်ရဦးမတဲ့လား?

ကိုယ့်စိတ်ကိုအကြိမ်ကြိမ်မဒိမ်းကျင့်ပြီးကိုယ့်မိသားစုကိုပါအခါခါဗလက္ကာရ လုပ်နေတဲ့သူတွေမှာ အမှားမရှိတော့ဘူးတဲ့လား

ရတောင်မရသေးဘူး အမေအိုကို လုပ်ကျွေးနေတဲ့သားတစ်ယောက်ရဲ့ ဆန္ဒကိုပိတ်ပက်ဖို့ကစလာပြီငွေဆယ်သိန်းပေးရတာတွေ မြင်လာပြီ နောက်ဆိုဘယ်လိုလုပ်မလဲ? ခင်ဗျားလဲတွေးမှာပဲ ကျွန်တော်လဲတွေးမှာပဲ

အန်တီကတော့ပြောရှာတယ် သူအရင်ကလိုစိတ်ချမ်းချမ်းသာသာ နဲ့ အဝတ်ပဲလျှော်စားတော့မယ်သားရယ်… တဲ့ ၊ ခင်ဗျားရင်မနာဘူးလား? ကျွန်တော်တို့ကရော ရင်မနာရဘူးလား?

မင်္ဂလာဖိတ်စာမှာလဲ ဘယ်သူ့မှအသိမပေးပဲမိဘကအစ ကချင်နာမည်တွေပေးပစ်တယ် အကိုကလဲ ကျွန်တော်တို့သိခဲ့တဲ့ ဝနအပြင် နာမည်အသစ်ကြီးတစ်ခုနဲ့ နော်မင်းအောင်လ တဲ့လား?ဗုဒ္ဓဘာသာ ဆိုတော့ ဘုန်းကြီးကျောင်းမှာလဲမင်္ဂလာဆောင်ချင်တယ် ပြောတော့ သူငြင်းသတဲ့လားငါ့အကို ရှမ်းစပ်တဲ့သူတွေမို့ ရှမ်းလိုလဲဆောင်ချင်တယ်ဆိုတော့လက်မခံပြန်ဘူးတဲ့လား?ဒါတွေထားတော့ ဗုဒ္ဓဘာသာ ဝင် ယောက်ျားတိုင်းလိုချင်တဲ့ ရဟန်းဘဝ ကို ခဏယူပါရစေဆိုတော့လဲပိတ်ပင်ပြန်တာပဲတဲ့လား? ဘာလို့အဲ့လောက်သီးခံခဲ့ရတာဗျာ

နောက်ဆုံး ငွေကိုင်မသုံးပဲဇနီးအရာမြှောက်ရှာတိုင်းရသမျှ အပ်နေတော့ ဝန ဆိုတဲ့ ခင်ဗျားကငအကြီး ငပိန်းကြီးလို့ သူတို့ကထင်သတဲ့လား?ရိုင်းလိုက်ကြတာ

နောက်ဆုံး အိမ်ထိလူကြီးတွေခေါ်လာပြီးPower ပြတက်စော်ကားကြတဲ့သူတွေကိုငါနင့်ကိုငါ့အမေနဲ့မလဲနိုင်ဘူး လို့ သားတစ်ယောက်အနေနဲ့ ခင်ဗျားပြောလိုက်တယ်ကြားတော့ ကျုပ်ကဝမ်းသာတယ် ငါ့အကို ၊ ကျုပ်တို့ကယောက်ျားတွေအမေကိုချစ်ကြတယ် သမီးတွေဆိုရင်တောင်ချစ်ကြတာပဲမဟုတ်လား? အမေကိုတော့ဘာနဲ့မှမလဲခဲ့နိုင်ဘူးလေ

ဒီအတွက် ဘုမသိဘမသိ လူတွေကခင်ဗျားကိုဝေဖန်ကြဦးမယ် ၊ခင်ဗျားက မေတ္တာထားပြီး မဖြေရှင်းချင်ဘူး မီဒီယာတွေနဲ့စကားမပြောချင်ဘူးဆိုသည့်တိုင် ဘေးကကျုပ်တို့ကဒီပြသနာမှာ balance မညီတာကို ဒီအတိုင်းကြည့်မနေနိုင်ဘူးလေ

ရန်ကုန်မှာရောက်နေတာကြာပြီ အကိုနဲ့ကျွန်တော်တောင်တစ်ခါမှ အပြင်မှာဆုံကြရတာမှမဟုတ်တာအကို အလုပ်ကြိုးစားနေလဲ ခေမာသီရိက အကို့အမေအိမ် ဒီထက်ပိုပြီး ကြီးမားမလာခဲ့ပါဘူးသက်ဆိုင်သူတွေရဲ့ တစ်မျိုးလုံးကို သီချင်းဆိုရှာကျွေးနေတဲ့ ငါ့အကို ဝဋ်ကြွေးကုန်ပြီပဲမှတ်ပါဗျာ အန်တီတို့အကိုတို့ အိပ်ယာထဲလဲနေကြတယ်ကြားတော့ စိတ်မကောင်းဘူးတစ်အိမ်လုံး မျက်ရည်နဲ့မျက်ခွက်ဆိုလို့ပိုပြီးစိတ်မကောင်းဘူး

ဒုတိယအခွေထွက်ဖို့ဘာကြောင့်ဒီလောက်ကြာနေရသလဲဆိုတာ အကို့ပရိတ်သတ်တွေရိပ်မိလောက်မယ်ထင်ရဲ့ ရသမျှငွေက စတူဒိီယိုမှကောင်းကောင်းမဝင်ရတာကိုး…

သာဒီလူကြီး အရမ်းဖြစ်မြောက်နေတာမြင်ရင်ငါ့အကိုကို အရမ်းသတိရတယ် အကိုလဲထပ်ပြီးတက်လာရမှာ ခုလိုကြန့်ကြာနေတာ အကိုသိပ်ချစ်တတ်ခဲ့လို့ပဲ ခေမာသီရိရပ်ကွက်ထဲဂစ်တာတီးရရင် ပျော်နေတဲ့ ငယ်ငယ်ကထဲကအနုပညာပိုးပါတဲ့အကို့အခန်းဝကစာသားလေးကျွန်တော်မှတ်မိနေတယ် `ဒီအခန်းထဲဝင်လျင်သင့်အတ္တကိုအပြင်မှာ ထားခဲ့ပါ´ တဲ့ ငါ့အကိုရဲ့ဘဝအခန်းထဲမှာ ဒီလိုစာမျိုးဘာလို့ကပ်မထားခဲ့တာလဲ ခုတော့ သူတို့ဖို့ပဲသိတဲ့ အတ္တသမားတွေကြောင့် အားလုံးစိတ်ညစ်နေကြရပြီ

အဆင်ပြေပါစေဗျာ ငါ့အကိုအခုအကိုသေချာစဉ်းစားလို့ရပြီ ငါကအဆိုတော်လား? လှောင်အိမ်ထဲကငှက်လား? ဆိုတာ… ”

ခုလို Post တင်ထားတာဟာ တစ်ဖက်ထဲရဲ့ အမြင်သာဖြစ်တဲ့ အတွက် ဘယ်လောက်ထိ မှန်ကန်မလဲဆိုတာတော့ ကာယကံရှင် နှစ်ဦးသာ အသိဆုံးဖြစ်မှာပါ

Leave a Reply

Your email address will not be published. Required fields are marked *