ပရိသတ်ကြီးရေ အိမ့်ချစ်ချောလေးက (၂၀၁၉)ခုနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလ (၃၁)ရက်နေ့ မှာ တစ်နိုင်ငံလုံးရဲ့ရှေ့ စင်ပေါ်ကနေ ချစ်သူဖြစ်သူ နေဝင်းရဲ့ စပရိုက်လုပ်ကာ လက်ထပ်ခွင့် တောင်းခံခြင်းကို ခံလိုက်ရတာပါနော်..။ အိမ့်ချစ်ချောကတော့ Travel Blogger တစ်ယောက်ဖြစ်ပြီး ချစ်သူဖြစ်သူ နေဝင်းနဲ့ အရမ်းရိုကြတဲ့အတွဲမို့လို့ မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်အားကျမှုကို ခံနေရတဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ဦးပဲဖြစ်ပါတယ်။ ချစ်စရာမျက်နှာလေးနဲ့ ချစ်စရာကောင်းနေတဲ့ အိမ့်ချစ်ချောလေးကို နေဝင်းမပြောနဲ့ ပရိသတ်တွေကပါ အချစ်ပိုနေရသူလေးပါနော်။
သူမတို့နှစ်ဦးရဲ့ မင်္ဂလာဆောင်ကို ဧပြီလထဲမှာ လက်ထပ်ဖို့စီစဉ်ထားတဲ့ အချိန်လေးမှာ လက်ရှိ ဗိုင်းရပ်စ်ပျံ့နှံ့လာမှုတွေကြောင့် လူစုလူဝေးအနေအထားဖြစ်စေမယ့် မင်္ဂလာဆောင်ကို ကျင်းပဖို့ရွှေ့ဆိုင်းလိုက်တဲ့အကြောင်းကို ဒီနေ့ မတ်လ (၂၅)ရက်နေ့မှာ အိမ်ချစ်ချောက “April (25) မင်္ဂလာပွဲက ရက်ရွှေ့လိုက်ပါပြီနော်..။ ဘယ်ရက်လည်းဆိုတာလည်း confirm မသိသေးပါဘူး၊ အခြေအနေကဘာမှန်းမသိသေးတာကြောင့်ပါ.။ April (25) ကိုအိမ်မှာတော့ ဧည့်သည်မပါဘဲ လတ်မှတ်ထိုး ဘုန်းကြီးဆွမ်းကပ်တာမျိုးတော့ လုပ်ဖြစ်ပါမယ်ရှင့် ..။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။
မင်္ဂလာဆောင် မကျင်းပပေမယ့်နေအိမ်မှာ ဧည့်သည်မပါဘဲ လက်မှတ်ထိုး ဘုန်းကြီးဆွမ်းကပ်တာမျိုးကိုပဲ လုပ်ဆောင်မယ့်အကြောင်းလေးကို သူမတို့ရဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေအတွက် ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး။ ပရိသတ်ကြီးလည်း မင်္ဂလာဆောင် မလုပ်တော့ပေမယ့် လက်မှတ်ထိုးကာ ဘုန်းကြီးဆွမ်းကပ်ပြီး အိမ်ထောင်ရှင်ဘဝကို ဖြတ်သန်းတော့မယ့် အိမ့်ချစ်ချောနဲ့ နေဝင်းတို့အတွက် ဂုဏ်ပြုစကားလေး ပြောပေးခဲ့ကြပါဦးနော်။