မင်္ဂလာဆောင်တုန်းက ဓာတ်ပုံတွေကို ထုတ်ကြွားလိုက်တဲ့ ဒါရိုက်တာကိုပေါက်

Posted on

ကိုပေါက်ဟာ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ပြီး video ခေတ်ကတည်းက ရုပ်ရှင်ဇာတ်ကားကြီးတွေခေတ်အခုအချိန်အထိ ဇာတ်လမ်းကောင်းတွေရိုက်ကူးလာတဲ့အရည်အချင်းရှိဒါရိုက်တာတစ်ဦးလည်းဖြစ်ပါသေးတယ်။ ဒါရိုက်တာဝင်းလွင်ထက်ကတော့ သူမတူအောင်ထူးချွန်တဲ့အရည်အချင်းနဲ့ အနုပညာကို ဈာန်ဝင်ခံစားပြီးရိုက်ကူးတတ်တာကြောင့်အချိန်တိုအတွင်းနာမည်ကြီးလာသလို ပရိသတ်အခိုင်အမာရရှိထားတဲ့ လူငယ်ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။

ကိုပေါက်ဟာ ဇနီးဖြစ်သူကို အလွန်ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး ဇနီးနဲ့ မကြာခဏဓာတ်ပုံလေးတွေရိုက်ပြီး အလွန်ရိုတဲ့ စာသားလေးတွေနဲ့ လူမှုကွန်ယက်ပေါ်မှာ တင်လေ့ရှိသူပါ။ ကိုပေါက်က မကြာသေးမီက လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေအကုန်လုံး အားကျသွားအောင် ရိုမန်းတစ်လိုက်တဲ့ ပို့စ်လေးတစ်ခုထပ်တင်လိုက်ပြန်ပါတယ်။ အဲဒီပို့စ်လေးကတော့ တစ်ခါကချစ်သူ၊အခုဇနီးနဲ့ မင်္ဂလာဆောင်တုန်းက ဓာတ်ပုံလေးတွေကို ပြန်တင်ထားတဲ့ ပိုစ့်လေးပါ။

ကိုပေါက်က အဲဒီဓာတ်ပုံလေးတွေရိုက်ခဲ့တဲ့နေရာနဲ့ အချိန်တွေကိုလည်း ဓာတ်ပုံတစ်ပုံချင်းစီမှာ သေသေချာချာအသေးစိတ်ရေးထားခဲ့ပါသေးတယ်။ ကိုပေါက်နဲ့ ချစ်ဇနီးနဲ့ဟာ ဓာတ်ပုံတွေထဲမှာ တကယ်ကိုလိုက်ဖက်တဲ့စုံတွဲလေးဖြစ်နေတာကိုလည်း ပရိသတ်တွေမြင်ရမှာပါ။ အဲဒီလို ချစ်ခြင်းမေတ္တာနဲ့ထူထောင်ခဲ့တဲ့အိမ်ထောင်တစ်ခုဟာ အခုဆိုရင်တော့ ပျော်ရွှင်စရာမိသားစုလေးဖြစ်နေပါပြီ။ ကိုပေါက်ရဲ့ ပို့စ်အောက်မှာ ပရိသတ်တွေက အားကျတဲ့ comment လေးတွေပေးထားကြတာလည်းတွေ့ရပါတယ်။ပရိသတ်ကြီးရော ကိုပေါက်ကို အားပေးကြလား။ ကိုပေါက် ရဲ့ နောက်ထပ်ရိုက်မယ့် ဇာတ်ကားတွေကိုရော အားပေးကြည့်ရှုကြမှာလား။ပြောခဲ့ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *