အိမ်အကူ မိန်းကလေး Grace အား သက်ငယ် မုဒိန်း ကျူးလွန်မှု ပုဒ်မ (၃၇၆) နဲ့ တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ ရဲ့အမှုကို သြဂုတ်လ (၂၈) ရက်နေ့က ရန်ကုန်၊ အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
တရားလို စစ်ဆေးမှု ပြီးဆုံးသွားပြီ ဖြစ်တဲ့ အတွက် လာမယ့် စက်တင်ဘာလ (၄) ရက်နေ့ မှာ နစ်နာသူ Grace ကို စတင် စစ်ဆေးမယ်လို့ သိရပါတယ်။
“တစ်ဖက်က ကလေး အသက် ကို (၂၂) နှစ် လို့ လုပ်ကြံ ပြောဆိုကြတယ်။
ကလေး အသက် ဘယ်လောက် ရှိမလဲ ဆိုတာ ရုံးချိန်း တက်ရင် ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်” လို့ Grace ၏ မိခင် တရားလို မသင်းသင်းခိုင် က က MC သို့ ပြောခဲ့ပါတယ်။