မင်းရာဇာနှင့် ဇနီးဖူးငုံပွင့်တို့ကို မြ၀တီမှ ရန်ကုန်သို့ ယနေ့ ခေါ်ဆောင်မည်

Posted on

မြ၀တီ-ဝေါလေမြိုင် ကားလမ်းပေါ်တွင် ဖမ်းမိခဲ့သော ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးဖူးငုံပွင့်တို့ကို မြ၀တီမှ ရန်ကုန်သို့ ယနေ့ ခေါ်ဆောင်မည်၂၀၂၀ ဧပြီ ၄ ရက်နေ့က အွန်လိုင်းပေါ်တွင် မင်းရာဇာ နှင့် ဇနီး ပြောနေသော အသံဖိုင်၊ မင်းရာဇာ အမျိုးသမီး ဖူးပွင့်ငုံ နှင့် အိမ်အက အမျိုးသမီး တို့ စကားပြောနေသော အသံဖိုင် အွန်လိုင်း ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ၅ ရက်အတွင်း သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးတို့ တရားခံပြေး အဖြစ်ရောက်ရှိခဲ့ကြပြီး

၂၀၂၀ ဧပြီ ၉ ရက်နေ့က ၄င်းတို့ ဇနီးမောင်နှံကို မြ၀တီမြို့၊ သုံးထပ်ကွေ့နေရာတွင် DKBA ရင်း ၉၁၀ မှ ဗိုလ်မှူးအဆင့်ရှိ စောထူးအောင် ပါ အဖွဲ့က ဖမ်းဆီးရမိခဲ့သည်။အိမ်အကူကို ကာမကျူးလွန်ပြီး၊ အက်စစ်ဖြင့်ပါ ပက်ခဲ့သောသရုပ်ဆောင် မင်းရာဇာ နှင့် ဇနီးတို့နှစ်ဦးသည် ၂၀၂၀ ဧပြီ ၉ ရက်နေ့ ညဥ့်နက်ပိုင်းက မြ၀တီမြို့မ ရဲစခန်းသို့ လွှဲပြောင်း ရောက်ရှိခဲ့သည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဇောတိက လမ်းတွင်နေထိုင်သော သရုပ်ဆောင် မင်းရာဇာ နှင့် ဇနီးဖြစ်သူ ဖူးပွင့်ငုံ(ခ)ဇူးဇူး တို့သည်၂၀၁၆ ခုနှစ်၌ ရွှေပေါကံ္ကမြို့နေ မ —ကို အိမ်အကူဖြင့် ငှားရမ်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် သရုပ်ဆောင် မင်းရာဇာသည် ဇနီးမရှိခိုက် အချိန်၌ လည်းကောင်း၊ ဇနီး အပြင်သွားသည့် အခါ၌ လည်းကောင်း အဆိုပါ အိမ် အကူ အမျိုးသမီးငယ်အား အကြိမ်ကြိမ် ကာမကျူးလွန်ခဲ့သည်ဟု ၄င်းတို့ ဇနီးမောင်နှံ ပြောဆိုသော အသံဖိုင်များတွင် ပေါ်လွင် နေပေသည်။ယနေ့တွင် သရုပ်ဆောင် မင်းဇာရာ နှင့် ဇနီးတို့ကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာမည်ဟု ကနဦး သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *