မင်းကွန်း ဘိုးဘွားရိပ်သာမှာ ဘိုးဘွားတွေ အတွက် လှူဒါန်းခဲ့တဲ့ ဆရာလေး စန္ဒမာလာ

Posted on

နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုင်းလွှမ်းကတော့ အိမ်ထောင်ကွဲပြီးနောက်ပိုင်း သမီးလေး စစ်လွန်းဝတီထက်ကို သူတစ်ယောက်တည်းအားနဲ့ ရင်အုပ်မကွာ ပြုစုစောင့် ရှောက် ခဲ့တာပဲ ဖြစ်ပါတယ်။ စစ်လွန်းဝတီထက်လေးကလည်း ဖေဖေ့ရဲ့စကားကို အရမ်းနားထောင်ပြီး ဖေဖေစိတ်ချမ်းသာရတဲ့သမီးအလိမ္မာလေးအဖြစ်ပရိသတ်တွေကသက်မှတ်ခြင်းခံထားရသူလေးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ စစ်လွန်းဝတီထက်ကို ငယ်စဉ်ကတည်းကနေ ဒီနေ့ဒီအချိန်ထိ အရိပ်တ ကြည့်ကြည့်နဲ့ ချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။လက်ရှိမှာ တော့ စစ်လွန်းဝတီထက်က သူမရဲ့ဖ ခင်နဲ့အတူတူ သာသနာ့ဘောင်ထဲသို့ဝင်ရောက်ပြီး ဆရာလေး စန္ဒမာလာအဖြစ် ရှိနေတာပဲ ဖြစ်ပါတယ်။

ဆရာလေး စန္ဒမာလာက သာသနာ့ဘောင်ထဲကို ရောက်တုန်းရောက်ခိုက် မနေ့က သြဂုတ်လ (၂၁)ရက်နေ့မှာတော့ မင်းကွန်း ဘိုးဘွားရိပ်သာမှာ ဘိုးဘွားတွေအတွက် အလှူငွေများ လှူဒါန်းခဲ့ တာကို တွေ့ရပါတယ်။စိုင်းလွှမ်းနဲ့ စစ်လွန်းဝတီထက်ကတော့ သားအဖတွေပီပီ အမြဲမခွဲရှိကြသ လို ကုသိုလ်လုပ်ရာမှာလည်း အတူတူရှိကြတာ ကြည်နူးစရာပါပဲ။ပရိသတ်ကြီးလည်း ဆရာ လေး စန္ဒမာလာ တစ်ဖြစ်လဲ စစ်လွန်းဝတီထက်လေးရဲ့ ကုသိုလ်လေး ကို ဝမ်းမြောက်စွာသာ ဓုခေါ်ဆိုပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *