မန္တလေးတွင် စစ်တွေမှ သြဂုတ် (၁၇) ရက်ကတည်းက ပြန်ရောက်နေသည့် အမျိုးသမီးထံမှ ကိုဗစ်ပိုးတွေ့

Posted on

သြဂုတ်လ-၂၉ ရက်။ စစ်တွေမြို့က ပြန်ရောက်လာတဲ့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။အဲသည်အမျိုးသမီးက စစ်တွေမြို့ကနေ မန္တလေးမြို့ကို ရောက်ရှိနေတာ ဩဂုတ်လ ၁၇ ရက်နေ့ကတည်းကဖြစ်ပြီး ရပ်ကွက်ကပြည်သူတွေရဲ့ သတင်းပေးမှုကြောင့် ဩဂုတ်လ ၂၇ ရက်နေ့မှ ကန်တော်ကြီးက Quarantine Center ကို ပို့ဆောင်စစ်ဆေးခဲ့ရာကနေ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲသည်အမျိုးသမီးနဲ့အတူ ညီမဖြစ်သူနဲ့မိခင်ဖြစ်သူတို့ ခရီးအတူထွက်ကြပေမယ့် မိခင်နဲ့ညီမဖြစ်သူမှာတော့ ပိုးမတွေ့ဘူးလို့သိရပါတယ်။အတည်ပြုလူနာ အမျိုးသမီးကို ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ကန်တော်ကြီး Quarantine စင်တာကနေ ကန်တော်နဒီဆေးရုံကိုပို့ဆောင်ထားပြီးဖြစ်ပါတယ်။ ထို့အပြင် နေအိမ်တွင် ကျန်ရှိနေသော ပိုးတွေ့လူနာ၏ ကျန်မိသားစုဝင်အချို့ကိုလည်း သံဃာ့ဆေးရုံ Quarantine စင်တာသို့ ပို့ဆောင်ကာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်းနှင့် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ COVID-19 အတည်ပြုလူနာသည် မန္တလေးမြို့၌ သုံးရက်အတွင်း ဒုတိယမြောက် စစ်ဆေးတွေ့ရှိသည့် လူနာဖြစ်လာပြီး သြဂုတ် (၂၇)ရက်ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့မှ လာရောက်ပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရဲအရာရှိသင်တန်းကျောင်း၌ စခန်းမှူးသင်တန်း တက်ရောက်နေသည့် အသက်(၄၀)အရွယ် ရဲအုပ်တစ်ဦးတွင် COVID-19 ရောဂါပိုး ကူးစက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ဩဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၇၇ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *