မသန်မစွမ်းသားဖြစ်သူကို သွားတဲ့ နေရာတိုင်း အမြဲခေါ်ဆောင် ကာ ရေခဲခြစ် ရောင်းစား နေရပြီး အပြုံး မပျက် တဲ့ ဦးေ လးကြီး အဖြစ်လူတိုင်း ကတော့ ကိုယ့်ရဲ့ဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းချင်ကြပေမဲ့လည်း သားသမီးရှိလာပြီ ဆိုရင်တော့ ကိုယ့်ရဲ့သားသမီး အတွက် ငဲ့ညာပေးကြရမှာ သဘာဝ ပါပဲလေ ။ ထို့အတူပါပဲ ဒီတစ်ခေါက်ဖော်ပြမဲ့ အန်ကယ် Dam ဆိုတဲ့ ဦးလေးကြီး ဟာလည်း သူရောင်းနေတဲ့ ရေခဲခြစ်ဟာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ ဆိုလျှင် အတော်လေးလူကြိုက်များနေလျက်ရှိတဲ့အပြင် သူ၏ဘဝ နောက်ခံအကြောင်းအရာမှာလည်း အတော်လေးကို ဝမ်းနည်ကြေကွဲဖို့ကောင်းတဲ့အပြင် ခွန်အားများလည်းရေ စပါတယ် ။
အန်ကယ် Dam ရဲ့သားဖြစ်သူဟာ 8လသားအရွယ် ရောက်မှ မသန်မစွမ်းကလေးငယ် တစ်ယောက်ဖြစ်နေခဲ့တာကို သိရှိခဲ့ ရပြီးနောက် ဇနီးဖြစ်သူဟာ အန်ကယ် Dam နှင့် သားဖြစ်သူတို့ကို စွန့်ပစ်ခဲ့ပါ တော့တယ် ။ အဆိုပါအဖြစ်အပျက်ကြောင့် အန်ကယ်Dam ဟာ ယူကျုံးမရ၊ ဝမ်းနည်ကြေကွဲခဲ့ရပြီး ကိုယ့်ကို အဆုံးစီရင် လိုက်ဖို့အထိတောင် ဖြစ်ပျက်ခဲ့ရပါတယ်။
သို့ပေမဲ့လည်း အန်ကယ် Dam ဟာ ကိုယ့်ကိုပြန်ထိန်းပြီး သားဖြစ်သူရဲ့ဆေးဝါးကုသ စရိတ်အတွက် ကိုယ်ပိုင်စီးပွားရေးစပြီ လုပ်ကိုင်ခဲ့ပါတယ် ကျွန်တော်က လက်ရှိ အချိန်ကိုသာ အာရုံစိုက်ပြီး ဘဝကိုဖြတ်သန်းပါတယ် ၊ ပြီးတော့ ကိုယ့်ရဲ့အကြောင်းပြချက်တွေနဲ့ပဲ ပျော်ရွှင်အောင်နေတယ် ၊အတိတ်က အတိတ်မှာကျန်ရစ်ခဲ့ပြီ ၊ ကျွန်တော်တို့ လက်ရှိအချိန်မှာ အပျော်ရွှင်ဆုံးရှိနေသင့်တယ် အနာဂတ်ကလည် ကြိုပြီးခန့်မှန်းလို့မရဘူး ၊ အဲ့ကြောင့်လည်း အဲ့အတွက် အများကြီး စိုးရိမ်မနေပါဘူး ” ဆိုပြီး သူ့ဘဝ ရပ်တည်နေခဲ့တဲ့ပုံစံကို ပြောပြခဲ့ပါ တယ် ။အန်ကယ်Dam ဟာ ဘန်ကောက်မြို့ထဲမှာနေထိုင်သူမဟုတ်ဘဲ မြို့အစွန်ဖက်မှာနေထိုင်သူဖြစ်သောကြောင့် လက်ရှိမှာတော့ ဈေးရောင်းချမည့်နေရာသို့ သားဖြစ်သူကိုလည်း ခေါ်ဆောင်လာကာ အမြဲ 6km ခန့် လမ်းလျှောက်နေခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။ လက်ရှိမှာတော့ အန်ကယ် Dam ဟာ Rat Burana နေ ရာမှာ ရေခဲခြစ်ရောင်းနေလျက်ရှိပါတယ် ။