အဆိုတော်၊ သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်ဖြစ်သူယုန်လေးကတော့ မနေ့က လူမှုကွန်ရက်မှာ သူမျှဝေခဲ့တဲ့သီချင်းကြောင့် ဝေဖန်တိုက်ခိုက်မှုတွေ ခံနေရတာကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ မိဘမဲ့တစ်ယောက်ဖြစ်တာမို့ ဒီလိုဒုက္ခတွေကြုံတွေ့နေရတဲ့အချိန်မှာ ဖေးမကူညီမယ့်မိသားစုဝင်တစ်ယောက်မှမရှိပေမယ့်လည်း မိသားစုဝင်တွေလိုချစ်ခင်ရတဲ့သူတချို့ သူ့ဘက်က မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့အတွက် ဒီနေ့မှာ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
” တော်တော်များများ အဆင်းဘီးတက်ပေးတဲ့ အချိန်မှာ မိတ်ဆွေ စစ် အတု သိခွင့်ရပါလိမ့်မယ်။ ကိုအယ်ကြီး နှင့် ပါဝင်သူညီ၊ညီမငယ်၊အစ်ကို ၊အစ်မ အမေမွှေး ဝိုင်းအားပေးသလို မနေ့က ညနေကနေ ည အထိ ကျွန်တော် အချစ်ဆုံးကောင်မြင့်မြတ် ပြီးတော့ ကိုခင်လိုင်၊ ထူးခြား၊ Kညီ အတူရှိပေးကြတယ်။ နှစ်သိမ့်ပေးကြတယ်။ သူရှူတင် နောက်ကျရင် နောက်ကျနိုင်တယ်။
ရုပ်ရှင် အစည်းရုံးကို ကျွန်တော့် အတွက် တောင်းပန်ဖို့ ဆိုပြီး အခုမနက်အစောကြီး ထ ပြီး ကျွန်တော် ထက် ဦးအောင် မြင့်မြတ် ဦးဆောင်ပြီး OG Crew အကုန်ရောက်နေကျတယ်။ဒီလို မိသားစုတွေ ရှိတာကိုက အားအရမ်းရှိပါတယ်။ Messenger နေရော Ph နဲ့ ရော အားပေးတဲ့ အယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူး မမေ့ပါဘူး။
ဘယ်လို စိတ်ခံစားမှု မျိုးကြုံမလဲ ဆိုတာ ခံစားဖူးတဲ့သူ မိဘမရှိတဲ့ လူတိုင်း ဒီ သိမ်ငယ်အားငယ်စိတ်ကိုသိမှာပါ။ မွေးထဲက မိဘနှစ်ပါး လုံးဆုံးတာပါ။ ဘယ်ရဲမှူးကြီးသား မှ မဟုတ်ပါဘူး ခင်ဗျား။ ဘာဖြစ်ဖြစ် ကျွန်တော် တစ်ယောက်တည်းပဲ ခံယူပါရစေ။ ပါဝင်ပေးသူများ တစ်ယောက်နှင့်မှ မဆိုင်ပါ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ။
အခုလို ဝေဖန်တိုက်ခိုက်မှုတွေကြုံလာရချိန်မှာတော့ ယုန်လေးအကြောင်း ကောလာဟလတချို့ထွက်ပေါ်ခဲ့ပြီး ယုန်လေးကတော့ ဒီနေ့မှာ သူ့ဘက်ကနေ တစ်တပ်တစ်အားရပ်တည်ပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်စကားဆိုခဲ့တဲ့အပြင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရဲမှူးရဲ့သား ဆိုသည်မှာလည်း မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့တာပဲ ဖြစ်ပါတယ်။
Source – Yone Lay