မိန်းကလေးရှုံးအောင်လှတယ်လို့ ပရိသတ်တွေသက်မှတ်ထားကြတဲ့ သူ့ရဲ့ ငယ်ဘဝမူရင်းရုပ်ရည်ကိုရဲရဲဝံ့ဝံ့ချပြခဲ့တဲ့နေဆန်း

Posted on

စကားသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ မွန်တိုင်းရင်းသားလေး နေဆန်းကတော့ လူမှုကွန်ယက် စာမျက်နှာမှာ ဗီဒီယိုလေးတွေ ရိုက်ကူးတင်ဆက်ရင်း အောင်မြင်လာသူတစ်ယောက်ပဲ ဖြစ်ပါ တ ယ်။ နေဆန်းက လက်ရှိမှာတော့ သူဝါသနာပါတဲ့ အလုပ်တွေကိုလုပ်ကိုင်ရင်း ပရိသတ်တွေရဲ့ အား ပေးမှုကို ရရှိကာ အောင်မြင်မှုတွေ ရရှိဆွတ်ခူးနေပြီပဲ ဖြစ်ပါတယ်။ နေဆန်းကလည်း သူ့ရဲ့ အလုပ်ကို ကြိုးကြိုးစားစားနဲ့ ရိုးရိုးသားသားသာ လုပ်ကိုင်နေလျက်ရှိပါတယ်။

မိန်းကလေးတစ်ယောက်လို ဝတ်စားဆင်ယင်ပြီး ဗီဒီယိုတွေရိုက်ကူးလေ့ရှိတဲ့နေဆန်းက ပရိသတ် တွေ မိန်းကလေးရှုံးအောင်လှတယ်လို့ သက်မှတ်ထားကြတဲ့ သူ့ရဲ့ ငယ်ဘဝမူရင်းရုပ်ရည်ကို အခု လို ပဲ ချပြလာပါတယ်။ နေဆန်းက “သင် မလှတာမဟုတ်ဘူးး မပြင်ရသေးလို့ပါ နော်” ဆိုပြီး သူ့ရဲ့မူလရုပ်ရည်နဲ့ ခွဲစိတ်ပြုပြင်ထားတဲ့ ဓာတ်ပုံတွေကို ပရိသတ်တွေဆီ ရဲရဲဝံ့ဝံ့ချပြခဲ့တာပဲ ဖြစ်ပါတယ်။

နေဆန်းကတော့ သူ့ရဲ့ ရုပ်ရည်နဲ့ ပက်သတ်ပြီး ခွဲစိတ်ပြုပြင်ထားတာတွေရှိပေမယ့် ဖုံးကွယ်လိမ် ညာ ထားခြင်းမရှိတာကတော့ လေးစားစရာပါပဲနော်။ ပရိသတ်ကြီးလည်း အပြောင်းလဲကြီး ပြောင်း လဲ ပြီး လှလာခဲ့တဲ့ နေဆန်းကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆို င်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *